[ᴜɴɪᴄᴏᴅᴇ]
တိတ်ဆိတ်ငြိမ်သတ်လွန်းတဲ့ အိမ်ကြီး တစ်အိပ်ထဲမှာ
လူသံ တစ်စိုးတစ်စေ့မှ မကြားရပေ။
ဖြတ်သွားဖြတ်လာ လုပ်တဲ့ လူတိုင်းကတော့ အဲဒီ အိမ်ကြီးထဲက အိမ်လွတ်ကြီးလို့ထင်ကြရတဲ့အထိကို ငြိမ်သတ်လွန်းသည်။
တကယ်တော့ ထို အိမ်ကြီးထဲမှာ အိမ်ပိုင်ရှင်လို့ ထင်ရတဲ့ အသက် ၃၀ အရွယ် ယောက်ျားကြီး တစ်ယောက်ရယ်၊ ထိုလူကြီးရဲ့ မိန်းမ ဖြစ်တဲ့ အသက် ၂၇ ၊ ၂၈ အရွယ် မိန်းမတစ်ဦးရယ် ၊ နောက်ပြီးတော့ အရမ်းကို ချစ်စရာကောင်းပြီး အရမ်းကို လှပလွန်းတဲ့ အသက် ၆ နှစ်အရွယ် ကလေး တစ်ဦးရယ် ရှိသည်။မိသားစု သုံးယောက်ပေါ့ ။ပြောင်းလာတာ မကြာသေးတာရယ် ၊ မိသားစု ပြသနာတွေကြောင့် ကျန်တဲ့ အိမ်နီးနားချင်း ပတ်ဝန်ကျင်တွေနဲ့ ရောရောနှောနှောမနေခဲ့ကြဘူး။သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး ပြသနာတွေကြားမှာတော့ ကလေးမလေးကတော့ သနားစရာ ဖြစ်နေခဲ့တယ်။
တစ်နေ့ ၊ အေးလွန်းတဲ့ ဆောင်ရာသီရဲ့ မနက်ခင်း တစ်ခု့မှပေါ့ အနည်းငယ် ပွင့်နေတဲ့ ပြတင်းတံခါးကနေ တိုးဝှေ့လာတဲ့ လေအေးတွေကြောင့် သူမ အိပ်ရာကနေ နိုးလာခဲ့ရသည်။
အိမ်ကြီးကတော့ အရင်လိုပါပဲ။ တိတ်ဆိတ်စဲခြောက်ကပ်စဲပါ။
အိပ်ရာ နိုးခါစ ဖြစ်နေတဲ့ အတွက် မကြည်လင်းမပြတ်မသားဖြစ်တဲ့ မြင်ကွင်းတွေကို သေချာ ကြည်လင်သွားအောင် မျက်လုံးတွေကို ပွတ်ရင်း သူမ အောက်ထပ်ကို ဆင်းလာခဲ့သည်။သူမ အတွက် နိုးထလာခဲ့တဲ့ မနက်ခင်းတိုင်းဟာ ပျော်မွေ့ဖွယ်ရာမကောင်းခဲ့ပေ။အဲဒီနေ့တွေထဲမှာ ဒီနေ့ မနက်ခင်းလဲ အပါအဝင်ပါပဲ။ဒီမနက်ခင်းက သူမ အတွက် ပိုဆိုးတယ်လို့တောင် ပြောလို့ရ သေးသည်။သူမ အောက်ထပ်ကို ရောက်ရောက်ချင်း သူမ နားထဲ ဝင်လာတဲ့ အသံတွေက သူမ ကို ကြောက်လန့်စေခဲ့တယ်။
"မင်း ဘယ်လိုဖြစ်နေတာလဲ? မင်း ထင်တာတွေလျှောက်ပြောပြီး ငါ့ကို စွပ်စွဲ မနေနဲ့ "
တိတ်ဆိတ်လွန်းတဲ့ အိမ်ကြီးက ဒီလို အချိန်မှာတော့ ဒေါသသံတွေ ငိုသံတွေ ပေါက်ခွဲသံတွေနဲ့ ဆူညံ နေတက်သည်။ဒီအသံတွေက နေ့တိုင်း ကြားနေတဲ့ အသံတွေ ဖြစ်နေရင်တောင် သူမ အတွက် အသားမကျ နိုင်ခဲ့ပေ။မမြင်ကွယ်ရာ တစ်နေရာကနေ ထိုမြင်ကွင်းကို သူမ ချောင်းကြည့်နေခဲ့သည်။
YOU ARE READING
Only One Reason