63

712 75 8
                                    

"ရှောင်ယွင်...."

အနောက်ဖက်ကထွက်ပေါ်လာတဲ့ လျိူချန်းရဲ့အသံကြောင့်ရှောင်ယွင်ကဗျပ်စောင်းတီးနေရာကနေရပ်လိုက်ပြီးထကာဂါဝရပြုလေသည်

"ဂါဝရပြုပါတယ်အရှင်..."

"ထပါ.."

"ဟုတ်..."

"ငါကိုယ်တော် ကြင်ယာတော်ပိုင်နဲ့နှစ်ယောက်တည်းနေချင်တယ်.."

"ဟုတ်ကဲ့..."

မင်းကြီးရဲ့စကားဆုံးတော့အနားက လူတွေအကုန်ထွက်သွားကြလေသည်

"ရှောင်ယွင် ဗျပ်စောင်းတီးလေ့ကျင့်တာဘယ်လိုအခြေအနေရှိပြီလဲ.."

"တိုးတက်လာပါတယ်...အရှင့်ကိုတီးပြရမလား.."

"အင်း..."

ရှောင်ယွင်ကဗျပ်စောင်းနားမှာသွားထိုင်လိုက်ပြီးသံစဉ်တခုကိုစတင်တီးခတ်လေသည် လျိူချန်းကတော့ရှောင်ယွင့်အရှေ့မှာထိုင်ကာမျက်စိမှိတ်ပြီးသံစဉ်ကိုခံစားနေလေသည် လေတွေကလည်းအနည်းငယ်တိုက်ခတ်နေတာကြောင့်မေဘယ်ရွက်တချိူ့ကလည်းပတ်ဝန်းကျင်မှာကြွေကျနေလေသည်

ခဏလောက်ကြာတော့ရှောင်ယွင်ကသံစဉ်ကိုအပြီးသတ်လိုက်သည်

"ကောင်းလား..အရှင်.."

"ကောင်းတယ်..ရှောင်ယွင်ပျော်နေတာလား.."

"ကိုယ်ချစ်ရတဲ့သူနဲ့အတူတူရှိနေတာပဲ..ပျော်တာပေါ့.."

"ဂီတကစိတ်ကိုအပန်းဖြေပေးရုံတင်မကဘူး..စိတ်ခံစားချက်တွေကိုလည်းဖွင့်ဟပေးနိုင်တယ်..အဲ့လိုပဲပျော်နေတဲ့အချိန်မှာဗျပ်စောင်းတီးရင်သူ့ဆီကထွက်လာတဲ့သံစဉ်တွေက တီးတဲ့သူပျော်နေတယ်ဆိုတာကိုဖော်ပြပေးနိုင်တယ်..ဝမ်းနည်းနေတဲ့အချိန်မှာတီးခတ်ရင်တော့ ဝမ်းနည်းရိပ်ပေါ်နေတဲ့သံစဉ်တွေထွက်လာလိမ့်မယ်..ဒါပေမယ့်စိတ်ချပါ ရှောင်ယွင်...မင်းဘယ်တော့မှ ဝမ်းနည်းတဲ့သံစဉ်နဲ့ဗျပ်စောင်းကိုမတီးစေရပါဘူး...ကိုယ်ကမင်းကိုပျော်အောင်ထားမှာမို့လေ..."

"ယုံပါတယ်...အရှင်ကကျွန်တော့်ကိုပျော်အောင်ထားမယ်ဆိုတာ..."

လျိူချန်းကပြုံးလိုက်ပြီး

"ကိုယ်မင်းကိုပေးစရာရှိတယ် ရှောင်ယွင်.."

If The Love Is True(Completed)Where stories live. Discover now