"ရှောင်ယွင်ပြန်သွားပြီပဲ.."
လျိူချန်းတို့ကျောင်းဂိတ်ပေါက်ကိုထွက်လာတော့လူတစ်ယောက်မှတောင်မတွေ့တော့ပေ သူတို့အတန်းကသာပြဇာတ်လေ့ကျင့်နေရတာကြောင့်အပြန်နောက်ကျခြင်းဖြစ်သည်
"ဟေ့..ပင်းယွီ ရှောင်ယွင်ကိုတွေ့လိုက်သေးလား.."
"အေးကွ...ခုနတုန်းကတော့အဝတ်လဲဖို့စာကြည့်တိုက်ဖက်သွားတာတွေ့လိုက်တယ် အခုတော့ပြန်သွားပြီထင်တယ်.."
"အော်..အေးအေး.."
"မင်းတို့အိမ်တန်းပြန်တော့မှာလား...ငါတို့ဂိမ်းဆိုင်သွားဖို့လိုက်ဦးမလား.."
"မလိုက်တော့ဘူး..တျောင့်.."
"အေးအေး..သွားပြီbye.."
"ငါတို့လည်းပြန်ရအောင်..ညနေ6နာရီတောင်ထိုးနေပြီ.."
လျိူချန်းတို့လည်းအချင်းချင်းနှူတ်ဆက်ပြီးလမ်းခွဲကာပြန်လေသည် လျိူချန်းစိတ်ထဲလေးလံနေတာကြောင့်ကျောင်းဖက်ကိုပြန်လှည့်ကြည့်မိသည်
"တမျိူးကြီးဖြစ်နေသလိုပဲ...စာမေးပွဲနီးနေလို့stressများတာနေမှာပါ.."
လျိူချန်းလည်းခေါင်းခါလိုက်ရင်းပြန်သွားလေသည်
........................
ဗွမ်း💦"အဟွတ်...အဟွတ်.."
ရှောင်ယွင်ရေမွမ်းပြီးချောင်းတွေဆိုးကာပြန်သတိရလာလေသည် အရိုက်ခံထားရတဲ့ဒဏ်ကလည်းမသက်သာသေးတာကြောင့်ခေါင်းကိုက်နေရသည်
"ဟက်..နိုးလာပြီပေါ့."
လင်းယွီရဲ့အသံကြောင့်ရှောင်ယွင်အခြေအနေကိုသဘောပေါက်သွားလေသည်
'ဒီခွေးကောင်ကငါ့ကိုအမြဲလိုက်ကိုက်နေတာပဲ...ကျစ်..'
"ဝူလင်းယွီ မင်းငါ့ကိုလာရှူပ်ပြန်ပြီ.."
"ဟက် အခုထိမင်းကလေသံကိုမပြောင်းသေးဘူး ရပါတယ် မကြာခင်မင်းငါ့ခြေထောက်ကိုဖက်ပြီးတောင်းပန်ရတော့မှာ.."
"ဝူလင်းယွီ မင်းဆီမှာရှိတဲ့မကောင်းတဲ့အချက်က ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးလွန်းတာပဲ.."
"ဟုတ်လား..ဟားဟားဟားဟား.."
"ဟားဟားဟားဟား.."
YOU ARE READING
If The Love Is True(Completed)
General Fiction(A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည်သူ့တစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ) (A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည...