67

709 75 15
                                    

ပြတင်းပေါက်ကနေဖြာကျလာတဲ့နေရောင်ခြည်တွေကြောင့် ရှောင်ယွင်အိပ်ယာကနေနိုးလာလေသည်

နိုးလာလာချင်းမှာတင်ခါတိုင်းလို သူ့ဘေးနားကခုံပေါ်မှာအိပ်ပျော်နေတတ်တဲ့ပေါက်စီလေးကိုချီဖို့်လက်လှမ်းလိုက်သည် နူးညံ့ပြီးနွေးထွေးတဲ့အမွှေးတွေအစားအေးစက်စက်ခုံမျက်နှာပြင်ကိုသာထိမိတာကြောင့် ရှောင်ယွင်လှည့်ကြည့်မိလိုက်သည်

'အော်...ပေါက်စီလေးကမရှိတော့ဘူးပဲ..'

အမှန်တရားဆိုပေမယ့် ထိုအမှန်တရားကရှောင်ယွင့်ကိုနာကျင်စေသည်

ရှောင်ယွင် အိပ်ယာကနေထလိုက်ပြီး

"အထိန်းတော်ချင်..."

ဘာသံမှမကြားတာကြောင့် ရှောင်ယွင်ထပ်ခေါ်လိုက်သည်

"အထိန်းတော်ချင်...ရှင်းယွမ်.."

'ဘယ်သူမှမရှိဘူးလား..'

ရှောင်ယွင်အိပ်ဆောင်ထဲကထွက်ကာအဆောင်ရှေ့သွားလိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့သြသွားရသည်

"ဘာဖြစ်တာလဲ.."

"ရှောင်ယွင်နိုးလာပြီလား..ဒီကိုလာခဲ့.."

ရှောင်ယွင့်အဆောင်ကနန်းတွင်းသူတွေနဲ့အထိန်းတော်ကြီးက ဒူးထောက်ကာလက်ထဲမှာလည်းကြွေအိုးကိုကိုင်ပြီးလက်မြှောက်ထားရသည် လျိူချန်းကတော့သူတို့အရှေ့ကခုံမှာထိုင်ရင်းရှောင်ယွင်ကိုလှမ်းခေါ်နေခြင်းဖြစ်သည်

"သူတို့ဘာအပြစ်လုပ်လို့လဲ..အရှင်.."

"မနေ့ညကအဆောင်ထဲကိုလုပ်ကြံသူဝင်လာတာသိလား.."

"ဟင့်အင်း..."

ရှောင်ယွင်ကခေါင်းခါပြီးဖြေလိုက်တော့ လျိူချန်းကရှောင်ယွင်ရဲ့နှာခေါင်းလေးကိုဖွဖွလေးဆွဲကာ

"အိပ်ပုတ်လေး..."

ခုနက သူတို့ကိုအပြစ်ပေးကာဒေါသထွက်နေတဲ့မင်းကြီးမျက်နှာနဲ့အသံအနေအထားက ကြင်ယာတော်ပိုင်ရောက်လာတော့ပြောင်းပြန်ပင်ဖြစ်သွားတာကြောင့် ဒူးထောက်နေရတဲ့သူတွေအံ့သြနေရသည် သူတို့စိတ်ထဲမှာတူညီစွာတွေးနေတဲ့အရာက

If The Love Is True(Completed)Donde viven las historias. Descúbrelo ahora