94

987 101 12
                                    

"မင်းလိုချင်တာကဘာလဲ..."

လင်းယွီအမေကမေးလိုက်တော့ရှောင်ယွင်ကပြုံးလိုက်ရင်း

"ဟူး...အခုမှပဲသဘောပေါက်တော့တယ်..ကျွန်တော်လိုချင်တာကလင်းယွီကိုကျွန်တော့်ကိုတောင်းပန်ခိုင်းပါ ပြီးတော့လျိူချန်းကိစ္စကိုကျော်သွားပေးလိုက်..ဒါဆိုကျွန်တော်လင်းယွီကိုခွင့်လွတ်ပြီးတရားမစွဲတော့ဘူး.."

"မင်း...!.."

"မရဘူးလား အဲ့ဒါဆိုရင်ကျွန်တော်စဉ်းစားထားသလိုပဲ.."

"ရတယ်..လင်းယွီဆေးရုံဆင်းရင်မင်းဆီလာပြီးတောင်းပန်ခိုု်င်းလိုက်မယ်...ပြီးတော့ဟိုကျောင်းသားကိစ္စကိုလည်းခွင့်လွတ်လိုက်မယ်.."

"ကောင်းတာပေါ့..ဒါဆိုသဘောတူညီမှူရသွားပြီနော်.."

"အေး..."

လင်းယွီအမေကမကျေနပ်ပေမယ့်သားဖြစ်သူထောင်ကျမည်ဆိုးတာကြောင့်ရှောင်ယွင်ပြောတာကိုလက်ခံပြီးထွက်သွားလေသည်

"ကျေးဇူးတင်လိုုက်တာ အားယွင်ရယ်...သားကြောင့်ပေါ့ မဟုတ်ရင်လျိူချန်းဒုက္ခရောက်တော့မှာ.."

လျိူချန်းရဲ့အမေဖြစ်သူကရှောင်ယွင့်လက်ကိုကိုင်ရင်းဝမ်းသာစွာပြောလေသည်

"ရပါတယ် အန်တီ...လျိူချန်းကသားရဲ့သူငယ်ချင်းပဲလေ..."

ရှောင်ယွင်ကလျိူချန်းအမေကိုကြည့်ကာပြုံးရင်းပြောလေသည် လျိူချန်းကတော့လက်သီးဆုပ်ကာလင်းယွီကိုစိတ်တိုနေလေသည် အဲ့ကောင်ရှောင်ယွင်ကိုrapeဖို့အထိတောင်လုပ်ခဲ့မယ်လို့သူမထင်ခဲ့မိဘူး...အဲ့ဒါကိုသိခဲ့ရင်သူလင်းယွီကိုဒီထက်ပိုပြီးအထိနာအောင်ရိုက်ခဲ့ပါတယ်
......................
"မင်လျိူချန်း.."

ကျောင်းပြန်တော့ရှောင်ယွင်ကလျိူချန်းကိုကျောင်းဂိတ်ပေါက်မှာစောင့်ရင်းနာမည်ခေါ်လိုက်လေသည် လျိူချန်းကလည်းရှောင်ယွင်ခေါ်လိုက်တော့ချက်ချင်းပင်အနားပြေးလာသည် ရှောင်ယွင်ကကျေနပ်စွာကြည့်လိုက်ရင်း

"မင်းငါ့ကိုချစ်နေတာလား.."

"အင်း...ကိုယ်မင်းကိုချစ်နေတာ.."

If The Love Is True(Completed)Where stories live. Discover now