54

758 96 12
                                    

လျိူချန်းနဲ့ဝူကျိူးက အချင်းချင်းပြန်ကြည့်မိလိုက်ပြီးဝူကျိူးပြောချင်တာကို လျိူချန်းကနားလည်သည်ပုံဖြင့်ခေါင်းငြိမ့်ပြကာ

"စိတ်မပူပါနဲ့ ဝူကျိူး..ငါရှင်းလီကိုမချစ်နိုင်ရင်တောင်ပစ်ပစ်ခါခါကြီးတော့မဆက်ဆံပါဘူး..."

"ကျေးဇူးတင်ပါတယ် မင်းကြီး အစ်ကိုတစ်ယောက်ရဲ့စိတ်ကိုနားလည်ပေးလို့..."

"ဝင်လာခိုင်းလိုက်.."

လျိူချန်းအမိန့်ပေးလိုက်တာနဲ့ ရှင်းလီကဝင်လာပြီး

"မင်းကြီးကိုဂါဝရပြုပါတယ်.."

"ထပါ...ရှင်းလီဘာကိစ္စရှိလို့လဲ.."

"မင်းကြီး..ရင်နိုင်ငံကိုသွားတဲ့အခါ ရှင်းလီလည်းလိုက်လို့်ရမလား..."

"မဖြစ်ဘူး....ဒီတစ်ခေါက်ရင်နိုင်ငံကိုသွားမယ့်ကိစ္စကနည်းနည်းရှူပ်တယ်.."

"ဒါပေမယ့်..."

"ရှင်းလီ..မင်းကြီးပြောတာကိုနားထောင်လိုက်ပါ...ရင်နိုင်ငံကိုလိုက်မသွားတာပိုကောင်းပါတယ်.."

အစ်ကိုဖြစ်သူဝူကျိူးကပါဝင်ပြောတာကြောင့် ရှင်းလီလက်လျော့လိုက်ရသည်

"ဒါဆိုရှင်းလီကိုခွင့်ပြုပါဦး..."

"အင်း..."

ရှင်းလီထွက်သွားသည်နဲ့ ဝူကျိူးကလျိူချန်းကိုဂါဝရပြုကာ

"ကျွန်တော်ရဲမက်တွေကိုသွားစုဆောင်းထားလိုက်ပါမယ်.."

"အင်း.."
.......................

"အစ်ကို...လာဦး..."

"အင်း..ဘာလဲရှင်းလီ.."

"ရင်နိုင်ငံမှာဘာကိစ္စရှိလို့လဲ...."

"နင်နဲ့မဆိုင်ပါဘူး..."

"အစ်ကို..ငါကအခုမိဖုရားခေါင်ကြီးနော်..ငါမေးတာကိုနင်ဖြေရမှာပေါ့.."

"ဒါပေမယ့်ငါကမိဖုရားခေါင်ကြီးရဲ့စစ်သူကြီးမဟုတ်ဘူး ရန်နိုင်ငံရဲ့စစ်သူကြီး..."

"အစ်ကို..နင်..ကောင်းပြီလေ မလိုက်ခိုင်းတော့လည်းမလိုက်ဘူးပေါ့.."

'အချိန်တန်ရင် အဲ့မင်းသားလည်းဒီရောက်လာမှာပဲ..အဲ့အချိန်ကျမှမိဖုရားခေါင်ကြီးရဲ့အာဏာကိုုပြရသေးတာပေါ့..'
......................
ရက်တွေကတဖြည်းဖြည်းကုန်လာကာ ရင်မင်းကြီးရဲ့မွေးနေ့ပွဲနေ့ကိုရောက်လာလေသည်

If The Love Is True(Completed)Where stories live. Discover now