30

950 126 6
                                    

ရန်နိုင်ငံတွင်

ပိုင်ယွီနဲ့ရှင်းလီတို့နှစ်ဦးနန်းတော်ဥယျာဉ်ထဲမှာချစ်ကြည်နူးနေကြလေသည် ရှင်းလီကပိုင်ယွီရင်ခွင်ထဲမှာမှီရင်း ပန်းပင်တွေကိုငေးကြည့်နေသလို ပိုင်ယွီကလည်းရှင်းလီကိုဖက်ထားပေးလေသည်

"ရှင်းလီ...ကိုတို့ဘယ်တော့လက်ထပ်ကြမလဲ.."

"အာ...ကိုကလည်းအရမ်းလောတာပဲ..."

ရှင်းလီတစ်ယောက်တကယ်ကိုစိတ်ကျေနပ်နေမိသည် အိမ်ရှေ့စံလျိူချန်းကလည်းပျောက်နေတာအခုထိရှာမတွေ့သေးဘူးဆိုတော့သေများသေ သွားတာလား..ဒါဆိုမင်းသားနှစ်ပိုင်ယွီကအိမ်ရှေ့စံဖြစ်တော့မှာပဲ..ဟက်အခုဆိုမင်းသားနှစ်ကလည်းသူ့ရဲ့မာယာတွေထဲမှာကျရှူံးနေပြီလေ မင်းသားနှစ်သာနန်းတက်ရင် သူကကျိန်းသေပေါက်မိဖုရားခေါင်ကြီးဖြစ်မှာပဲ

"မလောပါဘူး..ရှင်းလီရာ..မင်းကိုကိုယ့်ဆီကနေတခြားတစ်ယောက်ယောက်လုယူသွားမှာစိုးရိမ်လို့.."

ပိုင်ယွီပြောတဲ့တခြားတစ်ယောက်ဆိုတာအိမ်ရှေ့စံလျိူချန်းကိုပြောခြင်းဖြစ်သည် နှစ်ယောက်လုံးကဘုရင့်သားတော်တွေဆိုပေမယ့် အိမ်ရှေ့စံလျိူချန်းကတော့သူ့ထက်အရာရာပိုသာနေသည်မလား အဲ့ဒါတွေနဲ့ပတ်သက်ပြီးပိုင်ယွီမှာလျိူချန်းကိုမနာလိုစရာတော့မရှိ ဒါပေမယ့်သူချစ်တဲ့မိန်းကလေးကိုလာလုမယ်ဆိုရင်တော့ အိမ်ရှေ့စံဆိုတဲ့ဂုဏ်ပုဒ်တွေကိုလည်းသူရှိန်နေမှာမဟုတ်ဘူး ပြန်တိုက်ခိုက်မှာပဲ
.....................

"အင်း..."

မျက်နှာပေါ်ကကျလာတဲ့နေရောင်ခြည်တွေကြောင့် ရှောင်ယွင်နိုးလာခဲ့သည်

ကောင်းလိုက်တာ ဒီတစ်ခေါက်အိပ်ယာထရတာက ခေါင်းတွေမူးနောက်နေတာမျိူးလည်းမရှိပဲတစ်ကိုယ်လုံးကလည်းပေါ့ပေါ့ပါးပါးနဲ့လေပြေလေးလိုပဲအရမ်းနေလို့ကောင်းနေတယ်

ရှောင်ယွင်လွပ်လပ်စွာပဲ လက်တွေကိုဆန့်တန်းပြီးအကြောဖြေလိုု်က်တယ်

ဖတ်💢

ဆန့်တန်းလိုက်တဲ့သူ့လက်တွေကနေတစ်စုံတစ်ခုကိုရိုက်မိသလိုဖြစ်သွားတာကြောင့် ရှောင်ယွင်မျက်လုံးဖွင့်ပြီးဘေးဖက်ကိုကြည့်လိုက်တော့ သူ့ကိုသုန်မှူန်ပြီးထိုင်ကြည့်နေတဲ့ လျိူချန်းကိုတွေ့လိုက်ရသည်

If The Love Is True(Completed)Where stories live. Discover now