42

856 99 7
                                    

"ရန်အိမ်ရှေ့စံ...ကျွန်တော်တခုလောက်မေးချင်တာရှိတယ်.."

"အင်း..ဘာများလဲ.."

ကျိူးဝူက အရှေ့ကနေယုန်ကိုချီပြီးလျောက်နေတဲ့ရှောင်ယွင်ကိုကြည့်ကာ

"သခင်လေးကိုတကယ်ချစ်နေတာလား..ဒါမှမဟုတ်အပျော်သက်သက်ပဲလား..."

"ကျွန်တော့်အချိန်တွေကိုအပျော်သက်သက်အတွက်အချိန်ကုန်ခံမယ်ထင်နေတာလား...ကျွန်တော်ရှောင်ယွင့်ကိုတကယ်ချစ်တာပါ..ထပ်တလဲလဲစဉ်းစားပြီးမှဒီအဖြေကိုရခဲ့တာ.."

"သခင်လေးကိုတကယ်ချစ်တယ်ဆိုတာသိရလို့ဝမ်းသာပါတယ်...သခင်လေးကငယ်ငယ်လေးကတည်းကအချစ်ခံချင်နေတာ..နန်းတော်ထဲမှာအကုန်လုံးကသခင်လေးကိုမလိုလားတဲ့သူတွေချည်းပဲ...သခင်လေးကစိတ်ပျော့တယ်လို့ထင်ရပေမယ့်စိတ်ဓာတ်မာတယ်..သူကသူနာကျင်ရတဲ့ခံစားချက်တွေကိုတော်ရုံဆိုမဖော်ပြတတ်ဘူး...အခုကျွန်တော်စိတ်ပူနေတာကတခုပဲရှိတယ်...ရန်အိမ်ရှေ့စံရဲ့အချစ်ကသခင်လေးကိုအန္တရာယ်ဖြစ်လာစေမှာကိုပဲ..."

ကျိူးဝူရဲ့စကားကိုကြားတော့ သူငယ်ချင်းဖြစ်သူဝူကျိူးပြောခဲ့တဲ့စကားတွေကိုပြန်ကြားယောင်လာလေသည်

"မင်းသာ..သူ့ကိုတကယ်ချစ်သွားရင်နန်းတော်ထဲကသခင်မလေးတွေကသူ့ကိုဒီအတိုင်းထားမယ်ထင်လား..."

"မင်းစိတ်ပူနေတာကိုငါနားလည်ပါတယ် ကျိူးဝူ..စိတ်ချပါ...ငါ ရှောင်ယွင့်ကိုအန္တရာယ်အဖြစ်မခံပါဘူး..ငါသူ့ကိုကာကွယ်မယ်.."

"အိမ်ရှေ့စံပြောတဲ့အတိုင်းတည်မယ်လို့မျော်လင့်ပါတယ်..သခင်လေးကဒုက္ခခံခဲ့ရတဲ့အချိန်တွေများနေပြီ...အခုကစပြီးသခင်လေးအတွက်ပျော်ရွှင်စရာတွေဖန်တီးပေးလိုက်ပါ..."

"..စိတ်ချပါ...."

မကြာခင်တောအုပ်အနားရောက်တော့မည်ဖြစ်၍ လျိူချန်းသက်ပြင်းချမိသည် တောအုပ်ကိုရောက်ရင် သူနဲ့ရှောင်ယွင်က ဆန့်ကျင်ဘက်အရပ်ဆီကိုထွက်သွားရတော့မှာလေ
.....................
တောအုပ်အရှေ့ကိုရောက်တော့ လျိူချန်းကရှောင်ယွင်လက်ကိုဆုပ်ကိုင်ကာ

"ရှောင်ယွင်...ကိုယ့်ကိုစောင့်နေမယ်မလား.."

"အွန်း..စောင့်နေမယ်..လျိူချန်း.."

If The Love Is True(Completed)Où les histoires vivent. Découvrez maintenant