"ဘာလာလုပ်တာပါလဲ မင်းသားနှစ်.."
"မင်းသားနှစ်...အခုတော့မင်းသားနှစ်လို့ခေါ်ပြီပေါ့..ရှင်းလီ မင်းကိုယ့်ကိုပြောစမ်းပါ..ကိုယ်ကြားတဲ့သတင်းကအမှန်မဟုတ်ဘူးမလား..မင်း အစ်ကိုတော်နဲ့လက်ထပ်ပွဲကိုလက်မခံဘူးမလား...ဟမ်..ရှင်းလီ..ဖြေလေကွာ.."
"ကျွန်မ အိမ်ရှေ့စံနဲ့လက်ထပ်တော့မှာပါ.."
"ဘာ....ဒါဆိုကိုယ်ကရော..ဟမ် ကိုယ်ကရောမင်းအတွက်ဘာလဲ...မင်းကိုယ့်ကိုချစ်တယ်လေ...မဟုတ်ဘူးလား..."
"ကျွန်မရှင့်ကိုမချစ်ဘူး..."
"ယန်ရှင်းလီ..ဒါဆိုကိုယ့်အချစ်ကိုဘာလို့လက်ခံခဲ့သေးလဲ...ကိုယ်တို့ချစ်သူတွေဖြစ်နေကြတာလေ..ဒါတောင်မင်းကဘယ်လိုဖြစ်ပြီးအစ်ကိုတော်ကိုလက်ထပ်ဖို့လက်ခံနိုု်င်ရတာလဲ.."
"ရှင် ကျွန်မကိုသိက္ခာလာချနေတာလား မင်းသားနှစ်...ကျွန်မက ရှင့်ရဲ့မရီးဖြစ်လာမယ့်သူပါ..ရှင်ကျွန်မသိက္ခာကိုငဲ့သင့်တယ်.."
"ဒါပေမယ့် ကိုယ်မင်းကိုချစ်တယ်လေကွာ..မင်းကိုဘယ်လိုဖြစ်ပြီးမရီးအဖြစ်လက်ခံနိုင်မှာလဲ...."
"ရှင် ကျွန်မကိုတကယ်ချစ်တယ်ဆိုရင်လွတ်ပေးလိုက်ပါ..ကျွန်မတို့နှစ်ယောက်ဇာတ်လမ်းကိုမရှိခဲ့သလိုပဲသဘောထားလိုက်ရအောင်..."
"ရှင်းလီ...."
"ရှင် ကျွန်မကိုတကယ်ချစ်ရင်ကျွန်မခိုင်းတဲ့အတိုင်းလုပ်ပေးနိုင်ရမှာပေါ့..."
ပိုင်ယွီကအတန်ကြာနှူတ်ဆိတ်နေခဲ့ပြီး
"ကောင်းပြီလေ.....ကိုယ်မင်းကိုလွတ်ပေးလိုက်ပါ့မယ်..အစ်ကိုတော်နဲ့လက်ထပ်လိုက်မှမင်းပျော်မယ်ဆိုလည်းငါကျေကျေနပ်နပ်ကြီးမင်းကိုလွတ်ပေးလိုက်မယ်...."
"ကျေးဇူးတင်ပါတယ် မင်းသားနှစ်.."
"မလိုပါဘူး...မင်းကိုယ်တိုင်ချထားတဲ့ဆုံးဖြတ်ချက်ကိုနောင်တမရဖို့မျော်လင့်ပါတယ်...မင်းအစ်ကိုတော်နဲ့လက်ထပ်လိုက်လည်းအစ်ကိုတော်ကမင်းကိုချစ်မှာမဟုတ်ဘူးနော်...သူ့မှာချစ်သူရှိပြီးသား ရင်နိုင်ငံကမင်းသားကသူ့ရဲ့ချစ်သူပဲ...သူ့ကိုလက်ထပ်လို့ရအောင် မင်းကိုအသုံးချပြီးလက်ထပ်လိုက်ရုံပဲ...သူ့အချစ်တွေကိုမင်းရမှာမဟုတ်ဘူး..."
YOU ARE READING
If The Love Is True(Completed)
General Fiction(A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည်သူ့တစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ) (A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည...