60

800 78 8
                                    

"ဘာ...ဘာကို.."

"မလေ့ကျင်ချင်ဘူးလား ကိုယ်ကမင်းအတွက်သေချာပြင်ဆင်လာတာ.."

လျိူချန်းရဲ့စကားကြောင့်ရှောင်ယွင်မျက်နှာတွေရဲတက်လာလေသည်

'အရှင်ကဘာကိုလေ့ကျင့်မယ်ပြောတာလဲ..လင်းကျစ်ပြောတဲ့ဟာကိုလား..'

"မင်းအဆင်သင့်ဖြစ်ရင် ကိုယ်ယူလာခိုင်းလိုက်မယ်.."

"ဘာကိုလဲ..."

"ဗျပ်စောင်းကိုလေ...ကိုယ်မင်းအနားမှာမရှိတဲ့အခါကျရင်မပျင်းရအောင် မင်းကိုဗျပ်စောင်းတီးသင်ပေးမလို့.."

"အော်...."

လျိူချန်းရဲ့စကားကိုကြားတော့မှရှောင်ယွင်စိတ်ထဲပေါ့ပါးသွားရသည်

'တကယ်ပါပဲအရှင်ကဗျပ်စောင်းလေ့ကျင့်ပေးမယ်ပြောတာကို..ငါဘာတွေတွေးနေမိတာလဲ...ဟူး..'

"ရှောင်ယွင်..ကဘာထင်နေလို့လဲ.."

"ဟင်...ဟို..ဘာ..ဘာမှမထင်ပါဘူး.."

"တကယ်လို့မင်းဗျပ်စောင်းတီးမသင်ချင်ဘူးဆိုရင် မင်းထင်နေတဲ့အရာကို ကိုယ်တို့လေ့ကျင့်ကြမလား.."

"ဟင်.."

လျိူချန်းကရှောင်ယွင်ကိုပိုပြီးစချင်လာတာကြောင့်အနားကိုတဖြည်းဖြည်းကပ်လာလေသည် ရှောင်ယွင်အဲ့လိုထင်မိတာလည်းမဆန်းပါဘူး သူကိုယ်တိုင်ကရှောင်ယွင့်ကိုစချင်လို့ဗျပ်စောင်းကိစ္စကိုထည့်မပြောပဲဟိုကိစ္စလို့်တမင်ထင်အောင်ပြောခဲ့သည်မလား

လျိူချန်းကအနားကပ်လာလေလေ ရှောင်ယွင်ကအနောက်မဆုတ်သွားပေမယ့်ကိုယ်ကတော့တဖြည်းဖြည်းကျူံသွားလေသည်

"ဟို...ဟိုဟာလေ.."

"အင်း..ဘယ်ဟာလဲ.."

"အဲ့ဒါ..က..."

လျိူချန်းကရှောင်ယွင့်အနားကိုအရမ်းကပ်လာတာကြောင့်ရှောင်ယွင်မျက်လုံးမှိတ်ထားလိုက်သည် လျိူချန်းကရှောင်ယွင်မျက်နှာကိုအတန်ကြာငေးကြည့်နေပြီးမှ ခေါင်းကိုခပ်ဖွဖွလေးပုတ်ကာ

"အရှူးလေး ကိုယ်ကမင်းကိုလက်မထပ်ရသေးပဲအဲ့လိုလုပ်မယ်ထင်နေလား.."

If The Love Is True(Completed)Where stories live. Discover now