"ရှောင်ယွင်..!.."
"သား နိုးလာပြီလား!.."
လျိူချန်းမျက်လုံးဖွင့်လိုက်ချင်းမှာပထမဆုံးမြင်လိုက်ရတာကသူ့အမေဖြစ်သည်
"မား..."
"သားရယ်..မား ဆရာဝန်သွားခေါ်လိုက်ဦးမယ်နော်..."
"နေပါဦး မား...ကျွန်တော်ဆေးရုံကိုဘယ်လိုရောက်လာရတာလဲ.."
"သားတို့လေ့လာရေးခရီးထွက်ရင်းနဲ့ပျောက်သွားလို့လိုက်ရှာတာ..တောထဲကမေဘယ်ပင်အောက်မှာသားတို့ကိုတွေ့တာလေ..သားတို့အခုလိုကိုမာဝင်နေတာတစ်ပတ်ရှိသွားပြီ..တော်ပါသေးရဲ့...အမေ့သားလေးမသေကောင်းမပျောက်ကောင်းကွယ်..အကြာကြီးကိုမာဖြစ်မနေလို့.."
"ရှောင်ယွင်ကော..."
"အားယွင်ကဟိုဘက်အခန်းမှာသား...သူလည်းသတိရနေပြီ...သားတို့သူငယ်ချင်းတွေကတော့အဆန်းတွေကြီးပဲ..တစ်ယောက်နဲ့တစ်ယောက်တိုက်ထားသလားတောင်အောက်မေ့ရတယ် တစ်ယောက်သတိရပြီးမကြာဘူးနောက်တစ်ယောက်သတိထပ်ရလာတာပဲ...သားဘယ်သွားမို့လဲ.."
လျိူချန်းကကုတင်ပေါ်ကနေဆင်းဖို့လုပ်နေတာကြောင့်အမေဖြစ်သူကတားနေရသည်
"ရှောင်ယွင့်ဆီသွားချင်လို့.."
"ပြီးမှသွားလည်းရတာပဲသား..မားဆရာဝန်သွားခေါ်ဦး...ဟော ခေါ်စရာတောင်မလိုတော့ဘူး ရောက်လာပြီ.."
"ဒီကောင်လေးလည်းသတိရနေပြီလား.."
"ဟုတ်ပါတယ်ဒေါက်တာ.."
"တော်တော်ဆန်းကြယ်တာပဲ..ကိုမာဝင်တော့လည်းလေးယောက်လုံး..ပြန်သတိရလာပြန်တော့လည်းတစ်ယောက်ပြီးတစ်ယောက်ငါးမိနစ်တောင်မကြာဘူးသတိရလာကြတာပဲ.."
ဆရာဝန်ကလျိူချန်းကိုစမ်းသပ်စရာရှိတာတေံစမ်းသပ်ပြီးပြန်ထွက်သွားလေသည်
"မား..ကျွန်တော်ရှောင်ယွင်ဆီသွားချင်တယ်.."
"သွားဟေ့..သွားသွား...သူငယ်ချင်းကိုတော်တော်ချစ်နေတယ်ပေါ့..အရင်တုန်းကရန်ဖြစ်တာတောင်သူမဟုတ်သလိုပဲ.."
"မားကလည်း..ကျွန်တော်ကရှောင်ယွင်ကိုချစ်လို့စတာပါ.."
လျိူချန်းကအမေဖြစ်သူနဲ့စကားပြောပြီးတာနဲ့ဘေးဖက်ကရှောင်ယွင်အခန်းဆီအပြေးသွားလေသည်
YOU ARE READING
If The Love Is True(Completed)
General Fiction(A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည်သူ့တစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ) (A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည...