53

746 78 4
                                    

ရန်နိုင်ငံရဲ့ဘုရင်တစ်ယောက်အနေနဲ့တာဝန်ထမ်းဆောင်ရမယ့်ပထမဆုံးနေ့

ဘုရင်အဆောင်အယောင်တွေကိုအထိန်းတော်ကပြင်ဆင်ပေးနေလေသည် လျိူချန်းကတော့သူ့ခမည်းတော်ဆုံးမခဲ့တဲ့စကားတွေကိုတသွေမတိမ်းလိုက်နာဖို့ဆုံးဖြတ်ထားသည်

"မင်းကြီးနဲ့မိဖုရားကြီးကြွလာပါပြီ..."

အထိန်းတော်ကြီးရဲ့သတိပေးသံအဆုံး ညီလာခံကတူညီဝတ်စုံဝတ်ဆင်ထားကြတဲ့ အမတ်တွေကဂါဝရပြုကြလေသည်

"မင်းကြီးကျန်းမာပါစေ...မိဖုရားခေါင်ကြီးကျန်းမာပါစေ..."

လျိူချန်းကပလ္လင်ပေါ်မှာထိုင်လိုက်ကာ

"ထလို့ရပြီ..ဒီနေ့အတွက် အမတ်တို့လျောက်တင်စရာရှိတာလျောက်တင်ကြပါ..."

လျိူချန်းကအမတ်တွေပြောလာတဲ့ကိစ္စတွေကိုသေချာဖြေရှင်းနေကာ ပြည်သူတွေဆီကပေးပို့လာတဲ့စာလိပ်တွေကိုလည်းဖတ်နေလေသည်

ဘေးကမိဖုရားခေါင်ကြီးကတော့ အပေါ်စီးကနေအမတ်တွေကိုကြည့်ရတဲ့မြင်ကွင်းကိုအရမ်းသဘောကျနေလေသည်

'နောက်ဆုံးတော့ ငါ့ဆန္ဒတွေအိမ်မက်တွေဖြစ်မြောက်ခဲ့ပြီ အကုန်လုံးကငါ့ကိုအရိုအသေပြုကြရတယ်..အကုန်လုံးရဲ့အပေါ်မှာငါရှိနေတယ်....ကောင်းလိုက်တာ...ဒီနေရာကငါ့အပိုင်ပဲ..ငါ့ကိုဘယ်သူမှမဆွဲချနိုင်ဘူး...'

"ဒါဆို အခုလာမယ့်ရက်ထဲမှာ ရင်နိုင်ငံကဘုရင်ရဲ့မွေးနေ့ပွဲကိုသွားရမယ် ပြီးတော့မောင်မင်းတို့လည်းသိပြီးသားပါ....ရင်နိုင်ငံကမင်းသားပိုင်ရှောင်ယွင်နဲ့ကိုယ်တော်ရဲ့အကြောင်းကို..ဒါကြောင့်ဒီတစ်ခေါက်ရင်နိုင်ငံကပြန်လာရင်မင်းသားရှောင်ယွင်က ကြင်ယာတော်အဖြစ်ပါလာလိမ့်မယ်..ကန့်ကွက်မယ့်သူရှိလား."

အမတ်တွေအကုန်လုံးကနှူတ်ဆိတ်နေကြလေသည် ဘုရင်ဆိုတာမိဖုရားတွေအများကြီးရှိတာထုံးစံပဲလေ..တခြားနိုင်ငံတွေမှာတောင်ယောကျာၤးလေးကိုယ်လုပ်တော်တွေ ကြင်ယာတော်တွေအများကြီးပဲ...

"ဒါဆိုအားလုံးလည်းသဘောတူတယ်လို့သတ်မှတ်တယ်..ညီလာခံသိမ်းမယ်.."
......................
"မယ်မယ်...မနေ့တုန်းကမင်္ဂလာဦးဆိုတော့ ရင်ခုန်ဖို့ကောင်းမှာပဲနော်..."

If The Love Is True(Completed)Where stories live. Discover now