"မင်းဘာဖြစ်နေတာလဲ ပိုင်ရှောင်ယွင်.."
"ဟင်...."
လျိူချန်းအနောက်ကနေလှူပ်လဲ့လှူပ်လဲ့နဲ့ဖြည်းဖြည်းချင်းလိုက်လာတဲ့ ရှောင်ယွင်ကိုကြည့်ပြီး လျိူချန်းစိတ်မရှည်တော့ ဒီလိုခြေလှမ်းနှူန်းနဲ့ဆို တစ်လမဟုတ်ဘူး သုံးလလောက်ကြာသွားလိမ့်မယ် ဂူထဲကဖြတ်တာနဲ့တင်တစ်ရက်နီးပါးကြာသွားပြီ လျိူချန်းရဲ့အမြန်နှူန်းနဲ့သာဆိုနေ့ဝက်လောက်ပဲ
"ဘာမှမဖြစ်ပါဘူး.."
ဝေါ💦💦💦
မိုးတွေကရုတ်တရက်ကြီးပြင်းထန်စွာရွာချလာသောကြောင့် လျိူချန်းနဲ့ရှောင်ယွင် 2ယောက်လုံးကြောင်သွားရသည် တောထဲမှာဖြစ်သောကြောင့်ဘယ်နားမိုးဝင်ခိုရမလဲမသိနဲ့ဒုက္ခရောက်ကုန်ကြသည်
"ဟိုအောက်သွားရအောင်လျိူချန်း..."
ရှောင်ယွင်လက်ညိုးထိုးပြတဲ့နေရာကလူမနေတော့တဲ့တဲအိမ်အစုတ်အပျက်လေး ခေါင်မိုးအပေါက်တချိူ့ကနေမိုးတွေယိုနေပေမယ့်အပြင်မှာနေတာထက်စာရင်တော့ပိုသက်သာလိမ့်မည်...
"အင်း..."
တဲအိမ်ပျက်ထဲရောက်တော့ လျိူချန်းနဲ့ရှောင်ယွင်2ယောက်လုံးရေချိူးထားသည့်အလားမိုးရေတွေစိုရွဲလိုပင် မိုးကဖြည်းဖြည်းချင်းရွာတာမဟုတ်ပဲ ဝေါခနဲရွာချလာသောကြောင့်တစ်ကိုယ်လုံးနီးပါးစိုသွားရသည်
"ဟပ်..ဟပ်ချိူး..."
"အဝတ်တွေကစိုကုန်ပြီ ချွတ်ပစ်လိုက်တာကောင်းမယ် ပိုင်ရှောင်ယွင်.."
"ဟင်..မချွတ်ဘူး..ဟပ်ချိူး.."
"မချွတ်ရင်မင်းဖျားသွားလိမ့်မယ်...ငါကတော့ချွတ်ပြီ.."
လျိူချန်းကပြောလည်းပြော သူ့ကိုယ်ပေါ်ကအဝတ်တွေကိုပါချွတ်ပစ်လိုက်ကာအောက်ဆုံးကအောက်ခံဘောင်းဘီရှည်အဖြူရောင်တစ်ထည်သာကျန်တော့သည်
ရှောင်ယွင်လည်းမချွတ်ချင်ပေမယ့် ပိုပြီးအေးလာသောကြောင့် ရေစိုနေတဲ့အဝတ်တွေကိုချွတ်ပစ်လိုက်ကာလျိူချန်းလိုပင်အောက်ခံဘောင်းဘီရှည်အဖြူရောင်သာချန်ထားလိုက်သည်
KAMU SEDANG MEMBACA
If The Love Is True(Completed)
Fiksi Umum(A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည်သူ့တစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ) (A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည...