65

752 86 15
                                    

"ကျွန်တော်နဲ့နေပေးမှာလား..."

"အင်း....မင်းကြီးရဲ့တာဝန်တွေကအရမ်းကြီးလွန်းတယ် တခါတလေကျရင်ကိုယ့်အသက်တောင်အိုသွားတော့မလိုပဲ...ကိစ္စတွေကတကယ်ကိုရှူပ်တယ်..ရှောင်ယွင် တကယ်လို့များကိုယ်အသက်ကြီးလာခဲ့လို့ ထီးနန်းစွန့်ရမယ့်အချိန်ရောက်ရင် မင်းကိုယ်နဲ့အတူလိုက်ခဲ့မယ်မဟုတ်လား..."

"အော်...အရှင်ရယ် အရှင့်နားမှာအမြဲတမ်းရှိနေပါမယ်ဆိုမှ အရှင်ဘယ်သွားသွားလိုက်မှာပေါ့..."

"ဟုတ်ပါပြီ...အခုထရအောင်နော် အကြာကြီးအိပ်နေရင်ခေါင်းမူးလိမ့်မယ်.."

"ဟုတ်..."

ရှောင်ယွင်ကထတော့လျိူချန်းကပုခုံးကိုထိန်းကိုင်ပေးရင်းထိုင်စေသည်

"နာနေသေးလား.."

"ဟင့်အင်း...အရမ်းမနာတော့ပါဘူး.."

"တော်သေးတာပေါ့ က်ိုယ်မနေ့ကဆေးလိမ်းပေးထားတာ...မသက်သာမှာစိုးနေတာ.."

လျိူချန်းကိုယ်တိုင်ဆေးလိမ်းပေးထားသည်ဆိုတာကြောင့် ရှောင်ယွက်ရှက်ရပြန်သည်

"အော်..ကြည့် ကိုယ့်ကြင်ယာတော်လေးကရှက်နေပြန်ပြီလား...မရှက်ပါနဲ့ နောက်ဆိုကျင့်သားရလာလိမ့်မယ်.."

"အရှင်.!."

ရှောင်ယွင်ကရှက်လေလေ လျိူချန်းကနောက်လေလေနဲ့ ဘုရင်နန်းဆောင်ထဲမှာအချစ်တွေပျံ့နှံ့နေလေသည်
......................

"တကယ် တကယ်သိလား..အဲ့မြင်ကွင်းလေးကအရမ်းကြည်နူးဖို့ကောင်းတာပဲ...မင်းကြီးကကြင်ယာတော်လေးကိုလက်ဆွဲခေါ်သွားတာနော်..."

"ဟုတ်တယ်....အဟိ ဒါဆို မင်းကြီးကကြင်ယာတော်လေးကိုအိပ်ဆောင်သွင်းပြီးပြီပေါ့.."

"ငါတော့ ကြင်ယာတော်လေးကိုသနားလိုက်တာဟယ်.."

"ဘာလို့လဲ.."

"မင်းကြီးကအကြီးကြီးလေ.."

"ဟဲ့ နင့်ဟာကလည်းအရင်းမရှိအဖျားမရှိနဲ့ ဘာကြီးတာတုန်း..."

"မဟုတ်ဘူးလေ..ဟို ငါပြောတာက ခန္ဓာကိုယ်...ကြီးတာကိုပြောတာ..နင်တို့ကလည်းဘာတွေတွေးနေမှန်းမသိဘူး.."

If The Love Is True(Completed)Where stories live. Discover now