72

641 82 14
                                    

အထိန်းတော်ချင်က ရှင်းယွမ်ကိုရှောင်ယွင့်အနားမှာရှိနေပေးရန်ပြောပြီး မင်းကြီးအဆောင်သို့အမြန်ဆုံးနည်းဖြင့်ပြေးလာလေသည်

'ဒါကြောင့်ကြင်ယာတော်လေးကထူးဆန်းနေတယ်ထင်တာ..အပြုစားခံထားရတာကို..ရက်စက်လိုက်တာမယ်မယ်ရယ်...မင်းသားနှစ်နဲ့ကိုယ်ရံတော်ဝူကျိူးကလည်းအပေါင်းအပါတွေပဲ..ဒီကိစ္စကိုမင်းကြီးဆီအမြန်ဆုံးလျှောက်တင်ရမယ်..'

အထိန်းတော်ချင်ပြေးရင်းနဲ့ခဏလောက်ကြာတော့မင်းကြီးရဲ့အဆောင်နားရောက်ခါနီးလာလေသည် ထို့စဉ်ခေါင်မိုးပေါ်ကခုန်ဆင်းလာတဲ့လူတစ်ယောက်ကြောင့် အထိန်းတော်ချင်လန့်ပြီးနောက်ကိုနှစ်လှမ်းသုံးလှမ်းလောက်ဆုတ်သွားမိသည်

"ကိုယ်...ကိုယ်ရံတော်ဝူကျိူး..."

"ရေးကြီးသုတ်ပျာနဲ့ဘာဖြစ်လာတာလဲအထိန်းတော်ချင်.."

"ကျွန်...ကျွန်တော်..."

"ခုနတုန်းကကြားလိုက်တယ်...ကြင်ယာတော်ပိုင်နဲ့ပြောနေတဲ့ကိစ္စကို..ဒါပေမယ့်အထိန်းတော်ချင်သိထားရမှာကကိုယ်နဲ့မဆိုင်ရင်ဝင်မပါတာကောင်းမယ်နော်.."

"ကျွန်တော်လည်းသူများကိစ္စကိုဝင်ပါရတာမကြိုကိပါဘူး..ဒါပေမယ့်အခုကသူများကိစ္စမှမဟုတ်တာ...ကျွန်တော့်သခင်ရဲ့ကိစ္စပဲလေ...ကျွန်တော့်တစ်ဘဝလုံးကြင်ယာတော်ပိုင်ဆီမှာသစ္စာစောင့်သိသွားမှာ.."

"အထိန်းတော်ချင်ကကျွန်တော်မလုပ်ချင်တဲ့ကိစ္စတခုကိုမလုပ်လုပ်အောင်ဖိအားပေးနေတာပဲ..."

"ကျွန်တော်လည်း ကိုယ်ရံတော်ဝူကျိူးကိုအံ့သြမိပါတယ်...ကိုယ်ရံတော်ဝူကျိူးကမင်းကြီးရဲ့သူငယ်ချင်းဖြစ်တဲ့အပြင်အယုံကြည်ရဆုံးလူလေ..အခုတော့ဘယ်လိုဖြစ်သွားရတာလဲ..မင်းကြီးရဲ့ယုံကြည်မှူကိုချိူးဖောက်နေတာလား..."

"လွန်ခဲ့တဲ့နှစ်တွေမှာမင်းကြီးအပေါ်ကျွန်တော်သစ္စာစောင့်သိခဲ့ပါတယ်..ရန်နိုင်ငံရဲ့စစ်သူကြီးတစ်ယောက်အနေနဲ့ရော..ကိုယ်ရံတော်တစ်ယောက်အနေနဲ့ရောပေါ့..ဒါပေမယ့်အခုချိန်မှာတော့ကျွန်တော့်ညီမရှေ့ရေးအတွက်ပဲကြည့်ပါရစေ.."

If The Love Is True(Completed)Where stories live. Discover now