29

1K 133 10
                                    

"...ဟမ်..ဒါပေမယ့်အစ်ကိုကြီးဘယ်လိုလို့ဖြစ်နိုင်မှာလဲ အိမ်ရှေ့စံဘယ်ရောက်နေလဲဆိုတာကျွန်တော်တို့အတိကျသိတာမှမဟုတ်တာ..."

"အတိကျမသိလည်းငါတို့မှန်းကြည့်လို့ရတာပဲလေ ငါတို့ဒီဖက်ကနေဆိုရင်ရန်တိုင်းပြည်ကိုရောက်ဖို့ပိုမြန်ပေမယ့်အိမ်ရှေ့စံကဒီဖက်ကိုပြန်လာလို့မှမရတာ..အဲ့ဒါကြောင့်သူပိုဝေးတဲ့လမ်းဖြစ်တဲ့အဲ့တောအုပ်ကနေဖြတ်ပြီးပဲသွားရမှာ.."

"ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ.."

"ငါတို့ကဒီဖက်ကနေသွားပြီးထိပ်တိုက်ရင်ဆိုင်ရမယ်.."

"ဗျာ..အစ်ကိုကြီးမဖြစ်နိုင်တာ..အိမ်ရှေ့စံကိုထိပ်တိုက်ရင်ဆိုင်ရဲရအောင် ကျွန်တော်တို့မှာအသက်တစ်ချောင်းအပိုမပါဘူးနော်...မဟုတ်ဘူးအသက်အပိုပါရင်တောင်အိမ်ရှေ့စံကိုကျွန်တော်တို့မယှဉ်နိုင်ဘူး.."

"ဟင်း...ငါတို့မရရအောင်အိမ်ရှေ့စံနန်းတော်ကိုပြန်မရောက်ခင်သတ်ရမှာပဲ..မဟုတ်ရင်ငါတို့ပြေးစရာနယ်မရှိပဲဖြစ်သွားလိမ့်မယ်.."

"အစ်ကိုကြီးပြောတာလည်းဟုတ်တယ်..အိမ်ရှေ့စံမသေသေးတာကိုခေါင်းဆောင်သိသွားရင်ကျွန်တော်တို့ကိုအလွတ်ပေးမှာမဟုတ်ဘူး.."

"ကျစ်...ခေါင်းဆောင်ကငါတို့ရှင်းပြတာကိုလည်းနားထောင်ပေးမှာမဟုတ်ဘူး အိမ်ရှေ့စံမသေတာကိုသိတာနဲ့ငါတို့ကိုပါဒေါသထွက်ပြီးလူလွတ်သတ်လိမ့်မယ်..ငါတို့ကတော့ဒီလောက်ကြောက်ဖို့ကောင်းပြီးမည်းနက်နေတဲ့ချောက်ထဲကိုတောင်အသက်စွန့်ပြီးဆင်းပေးရတယ် ဒါတွေကိုခေါင်းဆောင်ထည့်တွက်မှာမဟုတ်ဘူး..."

"ကျွန်တော်တို့ထွက်ပြေးကြရင်မကောင်းဘူးလား အစ်ကိုကြီး.."

"ဘယ်ကိုထွက်ပြေးရမှာလဲ လွတ်မှာမဟုတ်ဘူး အလွန်ဆုံးကြာတစ်ပတ်ပဲငါတို့်ပြန်ဖမ်းမိမှာပါ..ကဲလာကွာဒီမှာစကားများနေမယ့်အစားငါတို့အိမ်ရှေ့စံကိုလုပ်ကြံဖို့်ခရီးစထွက်ရအောင်.."
...................

"ကလေးက အနာရှိန်နဲ့အအေးပတ်တဲ့အရှိန်ပေါင်းပြီးဖျားသွားတာ..အစာလည်းမစားထားတော့အားနည်းပြီးပိုဆိုးသွားတာပေါ့.."

If The Love Is True(Completed)Where stories live. Discover now