5

1.8K 194 9
                                    

"....အား..!.."

လျိူချန်း အော်ရင်း အိပ်ယာကနေလန့်နိုးလာခဲ့သည် နာရီကိုကြည့်လိုက်တော့ မနက်6နာရီထိုးတော့မည်

"...ဘာလဲ...အိမ်မက်ပဲလား.."

ညကအကြောင်းတွေကိုပြန်စဉ်းစားကြည့်မိတော့ သူအိမ်မက်ကနေလန့်နိုးလာခဲ့ပြီးပြတင်းပေါက်ဖက်လှည့်ကြည့်တော့ ရှောင်ယွင်နဲ့တူတဲ့ရှေးခေတ်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ကိုတွေ့သည်လေ ပြီးတော့နားထဲမှာစကားတခုကိုပဲထပ်ခါထပ်ခါကြားနေရပြီးဘာမှမသိတော့ ဒါဆိုသူတွေ့ခဲ့တဲ့ရှေးခေတ်ဝတ်စုံနဲ့လူကကော အိမ်မက်ပဲလား

လျိူချန်း မျက်နှာသစ်ပြီးကျောင်းဝတ်စုံလဲကာပြင်ဆင်ပြီးသည်နဲ့ကျောင်းကိုဆင်းလာခဲ့သည်

"..ပျော်ရွှင်စရာ 18နှစ်ပြည့်မွေးနေ့ပါသားလေးလျိူချန်း.."

"....ကျေးဇူး..မား.."

".....မနက်စာ ပြင်ပြီးသွားပြီ..သားဒီနေ့ကျောင်းကနေစောစောပြန်ခဲ့နော်..ဘယ်မှလျောက်မသွားနဲ့..ညနေဖက် မားတို့တခုခုလုပ်စားကြမယ်လေ..."

"ဟုတ်.."

"သား..ဒယ်ဒီကမနက်အစောကြီးကဖုန်းဆက်တယ် သားမနိုးသေးဘူးဆိုလို့ပြန်ချသွားတာ..သူလည်းလာချင်ပေမယ့်အလုပ်ကိစ္စတွေကမအားဘူးဖြစ်နေတာ.."

အမေဖြစ်သူက လျိူချန်း အဖေပေါ်ကိုစိတ်မကွက်သွားအောင် ဖြည့်ပြီးပြောပေးသည် လျိူချန်းအဖေက နိုု်င်ငံခြားမှာအလုပ်ကိစ္စနဲ့ပတ်သတ်ပြီးသွားတာတစ်နှစ်ရှိသွားပြီ လူတော့ပြန်မလာဖြစ်ပေမယ့် အိမ်နဲ့တော့အမြဲအဆက်သွယ်လုပ်သည် လျိူချန်းကတော့ အဖေထက်အမေနဲ့ပိုရင်းနှီးသည် အဖေဖြစ်သူနဲ့လျိူချန်းက သားအဖဆိုတဲ့ပတ်သတ်မှူကလွဲရင်ငယ်ငယ်လေးကတည်းကရင်းရင်းနှီးနှီးမနေခဲ့ရပေ

"...မား..ပါးကိုဘယ်အချိန်ထိကာပြောပေးနေဦးမှာလဲ.."

"လျိူချန်း.."

"....ပါးနဲ့ပတ်သက်ပြီးကျွန်တော့်မှာဘာစိတ်မှမရှိဘူး..ငယ်ငယ်လေးကတည်းကကျွန်တော်မွေးနေ့တိုု်င်းပါးအိမ်မှာရှိခဲ့တာမှမဟုတ်တာ.."

"....ပါးကသားကိုမချစ်တာမဟုတ်ပါဘူး.."

"...ကျွန်တော် ကျောင်းသွားတော့မယ်..မား.."

If The Love Is True(Completed)Donde viven las historias. Descúbrelo ahora