31

930 125 5
                                    

ယွမ်နိုင်ငံတွင်

"ဇီးသီးတုတ်ထိုး ချိူချိူလေးတွေရမယ်နော်.."

ယွမ်နိုင်ငံထဲက လူတွေရှူပ်နေတဲ့ဈေးရဲ့ထောင့်တစ်နေရာမှာထိုု်င်ပြီး ဇီးသီးတုတ်ထိုးရောင်းနေတဲ့ရှောင်ယွင် အတော်များများတော့ရောင်းလို့်ပြီးသွားပေမယ် နေမဝင်သေးသောကြောင့်ရှောင်ယွင်အိမ်မပြန်ရသေးခြင်းဖြစ်သည် အခုချိန်ကနေ့လည်အချိန်ဖြစ်နေသောကြောင့် ရှောင်ယွင်ဗိုက်ပြည့်တာတခုခုစားပြီးခဏနားဖို့တွေးလိုက်သည်

"ဦးလေး...သတ်သတ်လွတ်ပေါက်စီတစ်လုံးဘယ်လောက်လဲ.."

"5ပြား.."

"1လုံး.."

'အခုချိန်ဆိုလျိူချန်းကိုစားပြီးလောက်ပြီလား...သူလည်းဒီဈေးထဲမှာပဲရှိမှာပါ..ငါသူ့အတွက်ပါပိုဝယ်သွားပေးလိုက်တာကောင်းမယ်...သူကခရီးဆက်သွားဖို့ငွေရှာဖို့လောနေတာ...နေ့လည်စာစားဖို့သတိရမှာမဟုတ်ဘူး..'

"ဦးလေးကြီး..အသားပေါက်စီကရော.."

"8ပြား.."

"အသားပေါက်စီတစ်လုံး..သတ်သတ်လွတ်ပေါက်စီတစ်လုံးပေးပါ.."

ဦးလေးကြီးက အသားပေါက်စီပူပူလေးနဲ့သတ်သတ်လွတ်ပေါက်စီပူပူလေးကို စက္ကူအိတ်ထဲလှမ်းထည့်ရင်းရှောင်ယွင်ကိုပေးလိုက်သည်

ဝုန်း💢

"အာ့...မလုပ်ပါနဲ့."

ဘေးတစ်နေရာက ဆူညံသံတချိူ့ကြောင့် ရှောင်ယွင်လှမ်းကြည့်လိုက်တော့ လူတစ်စုကိုတွေ့လိုက်ရသည် အဲ့ထဲမှဝတ်ကောင်းစားလှဝတ်ထားတဲ့ယောကျာၤးလေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကိုဆွဲလားရမ်းလားနဲ့နှောင့်ယှက်နေတာ

"ကျစ်..ဒီလင်ယွင်ကျိူးကတော့နှောင့်ယှက်နေပြန်ပြီ.."

ပေါက်စီရောင်းတဲ့ဦးလေးကြီးရဲ့စကားကြောင့် ရှောင်ယွင် ဦးလေးကြီးကိုလှည့်ကြည့်မိတော့ ဦးလေးကြီးကသဘောပေါက်တဲ့ပုံဖြင့်

"သူကမြို့စားရဲ့သားလေ..ပွေချင်သလိုပွေပြီးရှူပ်ချင်သလိုရှူပ်နေတာ.."

'ဒါဆို လျိူချန်းပြောတာကသူပဲ...'

ရှောင်ယွင် လင်ယွင်ကျိူးကိုကြည့်နေစဉ်မှာပင် ယွင်ကျိူးက သူ့ကိုမြင်သွားဟန်ရှိသည် မျက်နှာပေါ်မှာအပြုံးတစ်ပွင့်ပေါ်လာပြီး ရှောင်ယွင်ဆီလျောက်လာလေသည်

If The Love Is True(Completed)Tempat cerita menjadi hidup. Temukan sekarang