"...ရှောင်ယွင် သက်သာရဲ့လား..ခေါင်းမူးနေလား.."
"...နို့သောက်မလား..ရှောင်ယွင်..ငါတို့သွားဝယ်ပေးမယ်လေ.."
ဆရာမတွေကအစည်းဝေးရှိလို့သွားနေ၍ကျောင်းသားတွေ အတန်းထဲမှာလွတ်လပ်ရေးရနေကြသည်
ပိုင်ယွီနဲ့ဝူကျိူးး 2ယောက်ကတော့ မှောက်အိပ်နေတဲ့ရှောင်ယွင်ကိုပဲ စိုးရိမ်တကြီးဂရုစိုက်နေကြသည်
"...မသောက်ဘူး..မင်းတို့ခဏလောက်တိတ်တိတ်နေပေးစမ်းပါ..ငါတရေးလောက်အိပ်ချင်လို့.."
"....လျိူချန်း...ပိုင်ရှောင်ယွင်ကဘာဖြစ်တာလဲ..နေမကောင်းဘူးလား.."
ယွီပင်းရဲ့စကားကြောင့် လျိူချန်းက အနောက်ခုံကိုလှည့်ကြည့်ကာ
"....ခေါင်းမကောင်းတာ.."
"မင်လျိူချန်း.."
လျိူချန်းရဲ့စကားကိုကြားတော့မှောက်အိပ်နေတဲ့ရှောင်ယွင်ကချက်ချင်းခေါင်းထောင်ကာရန်တွေ့သည်
"...ဘာလဲ..ငါပြောတာမှန်တာပဲ.."
"မဟုတ်ဘူး...ဒဏ်ရာကနဖူးမှာ..ဘာခေါင်းမကောင်းတာလဲ.."
"....မသိဘူးလေ...တိုင်နဲ့ဆောင့်မိပြီးခေါင်းပါထိသွားပြီလားလ်ို့.."
"တျောင် မင်းသက်သက်ရန်စတာမလား.."
"ဆရာမလာနေပြီ..!."
အတန်းခေါင်းဆောင်ရဲ့သတိပေးစကားကြောင့် အတန်းထဲကဆူညံနေတဲ့အသံတွေအကုန်လုံးငြိမ်ကျသွားသလို ကျောင်းသားတွေလည်းကိုယ်နေရာကိုယ်ထိုင်ကြလေသည် ဆရာမကအတန်းထဲဝင်လာတော့
"......အယ်...အကုန်လုံးငြိမ်နေကြပါလား...လိမ္မာတယ်..အခုဆရာမက ကမင်းတို့ကိုသတင်းကောင်းတခုလာပေးတာ..နောက်အပတ်ထဲမှာဆရာမတို့ $*€ဖက်ကိုလေ့လာရေးခရီးထွက်ရမယ်..လိုက်ချင်တဲ့သူတွေ အတန်းခေါင်းဆောင်ဆီမှာ သဘက်ခါနောက်ဆုံးထားပြီးစာရင်းလာပေးထားကြ.."
"ဟေး...ပျော်လိုက်တာ.."
"....ရှောင်ယွင် မင်းလိုက်မှာလား.."
"ဒါပေါ့..လိုက်မှာ.."
"မင်းလိုက်ရင်ငါတို့ 2ယောက်လည်းလိုက်မယ်.."
YOU ARE READING
If The Love Is True(Completed)
General Fiction(A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည်သူ့တစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ) (A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည...