59

728 87 7
                                    

"မင်းကြီးကြွချီလာပါပြီ.."

နန်းရင်ပြင်မှာအမတ်တွေရဲမက်တွေနဲ့နန်းတွင်းသူတွေက လျိူချန်းကိုစောင့်ကြိုနေကြလေသည် လျိူချန်းကဝေါယာဉ်ပေါ်ကနေအရင်ဆင်းလာပြီး လက်ကမ်းပေးကာရှောင်ယွင်ကိုဆင်းလာစေလေသည်

နန်းတော်ထဲလူတွေက ရှောင်ယွင်ကိုဝိုင်းပြီးမျက်တောင်မခတ်ကြည့်နေကြတာမို့ လျိူချန်းမကျေမနပ်ဖြစ်သွားရသည် ရှောင်ယွင်ကလှရက်လွန်းတယ်ဆိုတာကိုတော့သူလက်ခံပါတယ် သူတောင်ရှောင်ယွင်ကိုစတွေ့တုန်းက ငွေမည်းကုန်သွယ်မှူကိုတောင်မေ့လုနီးပါးဖြစ်သွားခဲ့သည်မလား

"အဟမ်း..."

လျိူချန်းကချောင်းဟန့်လိုက်မှ အကုန်လုံးကခေါင်းပြန်ငုံ့သွားကြလေသည်

"မင်းကြီး..."

အနားကိုဖြည်းဖြည်းချင်းကပ်လာတဲ့လူကမိဖုရားခေါင်ကြီးရှင်းလီဖြစ်သည် ရှင်းလီကမသိမသာဖြင့်လျိူချန်းနဲ့ရှောင်ယွင်ကြားထဲတိုးဝင်ရင်း

"ရှင်းလီ အရမ်းသတိရနေတာ...."

"အင်း...ရှောင်ယွင် ဒါကမိဖုရားခေါင်ကြီးရှင်းလီ.."

"ဟုတ်ကဲ့..."

"ဒါက ရင်နိုင်ငံကမင်းသားရှောင်ယွင်..."

ရှင်းလီကပြုံးလိုက်ရင်း

"မင်းသားကိုအခုမှတွေ့ဖူးပေမယ့် သတင်းတွေတော့ကြားဖူးနေတာကြာပြီ မင်းကြီးလိုလူကတောင်အရမ်းချစ်နေတာဆိုတော့ ဘယ်လိုလူမျိူးလဲပေါ့..အခုတွေ့လိုက်ရတော့ တကယ်ကိုမင်းကြီးနှလုံးသားကိုဖမ်းစားနိုင်စွမ်းရှိတဲ့ရုပ်ရည်မျိူးပဲ...ချောမောလွန်းပါပေတယ်.."

"မြှောက်လွန်းနေပါပြီ မယ်မယ်..ကျွန်တော်မခံယူဝံ့ပါဘူး.."

"ရှောင်ယွင်သွားရအောင်..."

လျိူချန်းကရှောင်ယွင်လက်ကိုဆွဲလိုက်ရင်း

"ကြင်ယာတော်မြောက်ပွဲကိုဒီအပတ်ထဲမှာပဲလုပ်မယ်..ပြင်ဆင်ထားကြတော့.."

"ဟုတ်ကဲ့ပါမင်းကြီး..."

လျိူချန်းနဲ့ရှောင်ယွင်ထွက်သွားသည်နဲ့ တခြားလူတွေကလည်းကြင်ယာတော်မြောက်ပွဲကိုပြင်ဆင်ကြဖို့ထွက်သွားလေသည် ရှင်းလီကတော့လက်ကိုတင်းတင်းဆုပ်ထားရင်း

If The Love Is True(Completed)Where stories live. Discover now