"နောက်ဆုံးတော့...ကျွန်တော်တို့နန်းတော်ကိုပြန်ရောက်ပြီသခင်လေး..."
ရှောင်ယွင်မျက်စိရှေ့မှာရှိနေတဲ့ ရင်နန်းတော်ဂိတ်ဝကိုပျော်ရွှင်စွာကြည့်မိသည် သူ့မှာစိတ်ကူးထားတာတွေအများကြီးပဲ..နန်းတော်ကိုပြန်ရောက်ရင် ခမည်းတော်ကိုသွားတွေ့မယ်..ဘယ်လောက်ထိချစ်ကြောင်းတွေပြောပြပြီးခမည်းတော်ရင်ခွင်ထဲမှာနားခိုချင်တယ်....
"နန်းတော်ရှေ့မှာဘာလာလုပ်တာလဲ...ထွက်သွားကြစမ်း..."
နန်းတော်ဂိတ်ဝကအစောင့်တွေက ရှောင်ယွင်နဲ့ကျိူးဝူကိုမြင်တော့နှင်ထုတ်ကြလေသည်
"မင်းတို့ကများ..ရာရာစစ..မင်းသားလေးကိုမောင်းထုတ်ရဲတယ်..."
ကျိူးဝူက ဒေါသတကြီးနဲ့အစောင့်တွေကိုအော်တော့ အစောင့်တွေက ရှောင်ယွင်မျက်နှာကိုသေချာကြည့်ကာ..
"အိုက်ယား....အပျော်မယ်သားပဲ...မတွေ့တာကြာတော့မေ့သွားတယ်..ဒီလောက်ထိအကြာကြီးပျောက်နေခဲ့ပြီး အခုမှပြန်ပေါ်လာတယ်ဆိုတော့..အပြင်မှာဘာတွေများလုပ်နေလို့လဲ..."
"မင်းတို့..."
"ကျိူးဝူ...သူတို့ကိုမပြောနဲ့တော့..ငါစကားအများကြီးမပြောချင်ဘူး..ခမည်းတော်နဲ့တွေ့ချင်နေပြီ..."
ရှောင်ယွင် က ကျိူးဝူကိုတားလိုက်ပြီး နန်းတော်ထဲဝင်သွားလေသည် ကျိူးဝူကတော့အစောင့်တွေကိုလက်သီးထုတ်ပြကာ
"မင်းတို့စောင့်ကြည့်နေကြ...မင်းသားလေးကမင်းတို့အနိုင်ကျင့်တာကိုတုံးလို့ငြိမ်ခံနေတာမဟုတ်ဘူး..မင်းတို့ကိုသည်းခံနေတာ..ရောင့်မတက်လာနဲ့..."
ရှောင်ယွင် နန်းတော်ထဲကိုရောက်ရောက်ချင်းမှာတင် ခမည်းတော်ရဲ့အဆောင်ကိုအပြေးအလွှားသွားမိသည်
ခမည်းတော်ရဲ့အဆောင်ကိုရောက်တော့ အကမယ်တချိူ့ကကပြဖျော်ဖြေနေကာ အပျော်မယ်တွေနဲ့ဧည့်သည်အချိူ့လည်းရှိလေသည်
'ဘယ်သူတွေလဲ....သူတို့ကိုတစ်ခါမှမတွေ့ဖူးဘူး...'
ရှောင်ယွင် ခမည်းတော်ကိုလှမ်းကြည့်လိုက်တော့ ဘေးနားကလူတစ်ယောက်နဲ့စကားပြောနေလေသည် ထိုလူကိုကြည့်ရတာသာမန်တော့မဟုတ်ဘူး...ဘုရင်တစ်ပါးလိုပဲ..ကြည့်ရတာ ခမည်းတော်နဲ့ဆွေးနွေးစရာရှိလို့ဖြစ်မယ်
YOU ARE READING
If The Love Is True(Completed)
General Fiction(A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည်သူ့တစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ) (A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည...