15

1.2K 154 7
                                    

လွန်ခဲ့သောနှစ်ပေါင်း500ကျော်လောက်တွင်

".....ကျိူးဝူ..ရောက်ဖို့်ကြာဦးမှာလား.."

နည်းနည်းတော့ကြာပါဦးမယ်..သခင်လေး.."

လူပြတ်သော တောင်ခြေလမ်းနားတွင် ဝေါယာဉ်ထမ်းထားတဲ့လူအချိူ့နဲ့ ဝေါယာဉ်ထဲကယောကျာၤးလေးတစ်ယောက်သာရှိသည်

"..ဟေ့..ရပ်လိုု်က်ကြစမ်း.."

လမ်းတစ်နေရာအရောက် လက်နက်တွေကိုင်ကာထွက်လာတဲ့လူတချိူ့

"....ဘယ်သူတွေလဲ ကျိူးဝူ.."

"ဓားပြတွေထင်တယ် သခင်လေး..ထွက်မလာပါနဲ့ဝေါယာဉ်ထဲမှာပဲနေပါ..ကျွန်တော်သွားရှင်းလိုက်ဦးမယ်.."

"အင်း.."

"....တျောင့်တွေဖယ်ကြစမ်း...ရာရာစစငါတို့သခင်လေးရဲ့ဝေါယာဉ်ရှေ့မှာပိတ်ရပ်ရဲတယ်ပေါ့.."

"...ဟက်.."

ဖြောင်းဖြောင်းဖြောင်း

လက်ခုပ်သံကြောင့် ကျိူးဝူကြည့်လိုက်တော့ အနက်ရောင်ဝတ်စုံနဲ့လူငယ်တစ်ဦး သူ့ရဲ့အကြည့်တွေကစူးရှကာရဲတင်းလွန်းသည် အရောင်ဝါတွေထွက်နေသလိုပဲ

"...ဒီမှာ ဒီတောင်ကြားလမ်းကငါတို့ပိုင်တာ ဖြတ်သွားချင်ရင်အဖိုးခပေးရမယ်.."

"မပေးနိုင်ဘူး.."

"မပေးရင်မဖြတ်ရဘူး .."

"...တျောင့်တွေတိုက်ကြလေ.."

ကျိူးဝူကအမိန့်ပေးလိုက်သည်နဲ့ ဝေါယာဉ်ထမ်းထားတဲ့လူတွေကလည်းဝေါယာဉ်ကိုခဏချကာ ဓားတွေထုတ်ပြီးတိုက်ခိုက်ကြသည်

ယားယား..ဝှစ်..အင့်(A.N-တိုက်ခိုက်သံများ😆)

တိုက်ခိုက်နေရင်းနဲ့ ကျိူးဝူသတိထားမိလာသည်က ဒီဓားပြအုပ်စုရဲ့တိုက်ခိုက်စွမ်းရည်ကသာမန်မဟုတ်ဘူးဆိုတာပင် အခုဆိုသူတို့ဖက်ကလူတွေဒဏ်ရာရပြီးလက်နက်ချလိုက်ရတဲ့အထိ ဟိုဖက်ကလူတစ်ယောက်မှမထိခိုက်သေးပေ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူကတော့ဒီအတိုင်းရပ်ပြီးသာကြည့်နေသည် ကြည့်ရတာ ဓားပြခေါင်းဆောင်ဖြစ်လိမ့်မည်

"...အာ့.."

နောက်ဆုံးမှာ ကျိူးဝူရဲ့ချက်ကောင်းကိုထိပြီး ကျိူးဝူလက်ထဲကဓားလွတ်ကျကာအညံ့ခံလိုက်ရလေသည်

If The Love Is True(Completed)Where stories live. Discover now