84

760 80 15
                                    

"မင်းကြီး ကြင်ယာတော်ပိုင်ရောက်နေပါတယ်"

အဆောင်ရှေ့ကရဲမက်ရဲ့စကားကိုကြားတော့လျိူချန်းမသိမသာပြုံးမိသည် အတော်ပဲသူလည်းရှောင်ယွင်ကိုတွေ့ချင်နေတာ

"အင်း..."

လျိူချန်းအဆောင်ထဲဝင်သွားတော့ဧည့်တွေ့ဆောင်မှာထိုင်နေတဲ့ရှောင်ယွင်ကဂါဝရပြုလာသည်

"အရှင့်ကိုဂါဝရပြုပါတယ်.."

"ထပါ..."

"ပြောစရာရှိတယ်.."

"အင်း..ပြောလေ သက်သေရပြီလား.."

"ဟင့်အင်း...ကျွန်တော်ပြောချင်တာက...ကျွန်တော်..."

"အင်း..."

"ကျွန်တော့်ကိုကြင်ယာတော်ရာထူးကနေထုတ်ပယ်လိုက်ပါ.."

"ဟမ်..!"

ရှောင်ယွင်စကားကြောင့်လျိူချန်းမျက်ခုံးတို့မြင့်တက်သွားရသည်

"ဘာလို့လဲ.."

"ဒီမှာမနေချင်တော့ဘူး.."

"နန်းတော်ကမနေချင်ဘူးဆိုတာနဲ့ထွက်သွားလို့်ရတဲ့နေရာမဟုတ်ဘူးနော်.."

"ကျွန်တော်သိပါတယ်..ဒါပေမယ့်ကျွန်တော်မရှိတာက အရှင်တို့အတွက်ပိုအဆင်ပြေမှာမဟုတ်ဘူးလား.."

"ဘာလို့အဲ့လိုထင်ရတာလဲ.."

"ကျွန်တော်သိပြီးပြီ...အကုန်လုံးကြားပြီးပြီ.."

"ဘာကိုလဲ..."

"အရှင်...မယ်မယ်ကိုရေကန်ဘေးမှာပြောခဲ့တဲ့စကားတွေကို..."

"အဲ့ဒါက..."

"ကျွန်တော့်ကိုအားနာစရာမလိုပါဘူး..မချစ်တော့ဘူးဆိုရင်မချစ်တော့ဘူးလို့်ပြောလို့ရပါတယ်..."

ရှောင်ယွင်ကငိုချင်စိတ်ကိုထိန်းကာပြောနေတာကြောင့်မျက်ရည်များကဝဲနေပြီးအသံတွေတုန်နေလေသည်

"......ဒါ..ဒါပေမယ့် ကျွန်တော့်ကိုမချစ်တော့..ဘူးဆိုရင်လည်း အနားခေါ်ထားပြီး....ကျွန်တော့်ရင်တွေကွဲအောင်..မလုပ်ပါနဲ့...ဒီကနေကျွန်..တော်ကို သွားခွင့်ပေးပါ..တကယ်...တကယ်ကိုအဆင်မပြေလို့ပါ..."

If The Love Is True(Completed)Hikayelerin yaşadığı yer. Şimdi keşfedin