89

987 101 19
                                    

ညနက်ချိန်တွင်နန်းတော်ကအစောင့်ရဲမက်တွေကိုသတ်ကာနန်းတော်ထဲခိုးဝင်လာကြတဲ့အမတ်ယွမ်ရဲ့လူများ

"တိုက်.."

ခဏကြာတော့နန်းရင်ပြင်တွင်တိုက်ခိုက်နေတဲ့လူများနဲ့အတူသွေးကွက်များစွန်းနေကာလူသေများလည်းပြည့်နေလေသည်

"မင်းကြီး..အပြင်မှာပုန်ကန်သူတွေရောက်နေပါတယ်.."

အထိန်းတော်ချင်က လျိူချန်းရဲ့အဆောင်ထဲပြေးဝင်လာကာလျင်မြန်စွာလျှောက်တင်လေသည်

"ဟက်...ဟုတ်လား..ထားလိုက်..."

လျိူချန်းကထိုင်ရာကနေမထပဲ ရှောင်ယွင်ဘေးမှာပဲနေကာရှောင်ယွင်မျက်နှာကိုဆက်ကြည့်နေသည်

ဘုန်း💢

တံခါးကပြင်းထန်စွာကျိူးသွားပြီးအထဲကိုဝင်လာတဲ့ပိုင်ယွီ

"မင်လျိူချန်း...ဟင်း နောက်ဆုံးတော့မင်းပလ္လင်ပေါ်ကဆင်းရမယ့်အချိန်ရောက်လာတာပဲ.."

လျိူချန်းထိုင်နေတာကြာသောကြောင့်ခြေထောက်တွေတောင့်နေပေမယ့်ကြိုးစားထလိုက်ရင်းဘေးကဓားကိုယူကာ

"ဟက်...မင်းလို့တော့မထင်ထားခဲ့ဘူး...ဖြစ်နိုင်ပါတယ်လေ..မင်းကရှောင်ယွင်အပေါ်မှာတောင်မကောင်းတဲ့လုပ်ရက်တွေလုပ်ခဲ့တာပဲ.."

"ဟားဟားဟား...အဲ့တော့ဘာဖြစ်လဲ..မင်းရဲ့ရှောင်ယွင်ကအသက်ပြန်ရှင်လာမှာမှမဟုတ်တာ..ကျွတ်..ကျွတ် မင်းသိလား...ငါသူ့ကိုအတင်းနမ်းတုန်းကဆိုရင်လေ..သူအော်ပြီးအကူညီတောင်းတာ..သနားစရာလေးကွာ...ဟက်.."

"ခွေးကောင်..သွားသေလိုက်.."

လျိူချန်းဒေါသထွက်ကာပိုင်ယွီကိုမဲပြီးတိုက်ခိုက်လေသည် ပိုင်ယွီကတော့ပြန်တိုက်ဖို့နေနေသာသာလျိူချန်းရဲ့အကွက်တွေကိုတောင်မနည်းရှောင်နေရသည်

'ငါမယုံဘူး...ငါကမင်လျိူချန်းထက်သာတယ်..အခုပွဲမှာလည်းငါပဲနိုင်မှာ...မင်လျိူချန်းသာသေသွားရင်ငါဘုရင်ဖြစ်ပြီ..အဘိုးဆန္ဒကိုဖြည့်ဆည်းနိုင်ပြီ...'

လျိူချန်းနဲ့ပိုင်ယွီကအချင်းချင်းတိုက်ခိုက်ကြရင်းနန်းရင်ပြင်ထိရောက်လာလေသည် တိုက်ခိုက်နေတာအချိန်တစ်ခုထိကြာသွားတော့ ပိုင်ယွီဖက်ကတဖြည်းဖြည်းအရေးနှိမ့်လာလေသည် လျိူချန်းကပိုင်ယွီရဲ့ဓားကိုပုတ်ချလိုက်ရင်းပိုင်ယွီလည်ပင်းကိုဓားဖြင့်တေ့လိုက်သည်

If The Love Is True(Completed)Donde viven las historias. Descúbrelo ahora