40

935 108 6
                                    

"....ကျွန်တော်ကို...ခမည်းတော်ရဲ့သားလို့တောင်အသိမှတ်ပြုချင်ကြတာမဟုတ်ဘူး..ခမည်းတော်အပါဝင်ပေါ့..မယ်တော်ကလေ...မယ်တော်ကသိပ်သနားဖို့ကောင်းတာ...သူကနောက်ဆုံးအချိန်ထိတောင်ခမည်းတော်လာတွေ့မှာကိုမျော်နေခဲ့တာ...ဒါပေမယ့်...သူ့ဆန္ဒမပြည့်ခဲ့ဘူး..."

ရှောင်ယွင်ကပြောနေရင်းနဲ့သူ့မယ်တော်ရဲ့နောက်ဆုံးအချိန်ကိုပြန်အမှတ်ရလာလေသည် ဘယ်သူမှမရှိတဲ့နန်းဆောင်ထဲမှာ မယ်တော်ကကုတင်ပေါ်မှာလဲနေပြီး 7နှစ်သားအရွယ်သူကတော့ဘာမှမလုပ်ပေးနိုင်ပဲ ခမည်းတော်အလာကိုမယ်တော်နဲ့အတူမျော်နေခဲ့တာ..ဒါပေမယ့်မယ်တော်အသက်မရှိတော့တဲ့အချိန်ထိခမည်းတော်ရဲ့အရိပ်ယောင်ကိုတောင်မတွေ့ခဲ့ဘူး....သူတစ်နေ့လုံးမယ်တော်ရဲ့အလောင်းဘေးမှာပဲငိုရင်းစောင့်နေခဲ့တယ်..ဒါပေမယ့်ခမည်းတော်ကအဲ့တစ်ရက်လုံးသူ့ဆီရောက်မလာခဲ့ဘူး...

"အင့်...မယ်တော်က...ဟင့်..မယ်တော်ကလေ..ခမည်းတော်ရဲ့ကြင်ယာတော်ဆိုတဲ့ရာထူးထက်...ခမည်းတော်ရဲ့အချစ်နဲ့နွေးထွေး...အင့်...မှူတွေကိုပဲလို..ချင်ခဲ့တာ..အင့်..အရမ်း..ဟင့်..ရက်စက်တယ်...ခမည်းတော်ကော..အစ်ကိုတော်ကော...အဟင့်...ကျွန်တော်လေ..အင့်...နန်းတော်ထဲကနေအခု..အင့်..ချိန်ထိထွက်မသွားခဲ့တာက...တစ်ခါလောက်ပါပဲ..ဟင့်..တစ်ခါလောက်ပဲဖြစ်ဖြစ် ခမည်းတော်နဲ့..အစ်ကိုတော်ဆီကနေ...အသိမှတ်ပြုခံ...ချင်တယ်..အဟင့်...သူတို့ဆီက...နွေးထွေးမှူလိုချင်တယ်.."

ရှောင်ယွင်ပြောပြတဲ့အကြောင်းတွေကိုနားထောင်ပြီးတော့ လျိူချန်းတောင်စိတ်မကောင်းဖြစ်မိသည် အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့အရမ်းပင်ပန်းခဲ့မှာပဲ...ဒါဆိုသူရှောင်ယွင်ကိုစတွေ့တုန်းကရှောင်ယွင်ခြေသလုံးကဒဏ်ရာတွေက ဘာတွေလဲ..နန်းတော်ကလူတွေလက်ချက်လား...လျိူချန်းမေးချင်ပေမယ့် ရှောင်ယွင်ဒဏ်ရာကိုဆွပေးသလိုဖြစ်မှာဆိုး၍မမေးတော့ပေ

"ရှောင်ယွင်.."

"ဟင်.."

"စိတ်မဆိုးဘူးဆိုရင်ကိုယ်တခုပြောချင်တယ်..ဒီစကားကိုကိုယ်အထပ်ထပ်စဉ်းစားပြီးမှပြောတာမို့ ရှောင်ယွင်လည်းအလေးထားစေချင်တယ်.."

If The Love Is True(Completed)Where stories live. Discover now