ရင်နိုင်ငံတွင်
"ရှာမတွေ့သေးဘူးလား.."
ရင်နိုင်ငံဘုရင်က သူ့ဘေးရှိအထိန်းတော်တစ်ဦးအားမေးလိုက်သည်
"မတွေ့သေးပါဘူး မင်းကြီး..ကျွန်တော်တို့လည်းအစွမ်းကုန်ရှာနေပါတယ်.."
"ဟင်း..."
မင်းကြီးက စားပွဲပေါ်တွင်ပန်းချီကားချပ်တစ်ချပ်ကိုရေးဆွဲနေပြီး အထိန်းတော်ကြီးကဘေးနားတွင်မတ်တပ်ရပ်ပြီးမင်သွေးပေးနေကာ စကားပြောနေကြသောကြောင့် ဘေးကလူတွေအကုန်လုံးသူတို့စကားပြောနေတာကိုသတိမထားမိကြပေ
"စိတ်မပူပါနဲ့ မင်းကြီး..ကျွန်တော်တို့မကြာခင်ရှာတွေ့မှာပါ.."
"အင်း..."
မင်းကြီးက စကားပြောနေတာကိုရပ်လိုက်ပြီးပန်းချီကားကိုပဲဆက်ပြီးအာရုံစိုက်လိုက်သည်
'လင်းအာ မင်းကိုယ်တော်ကိုအပြစ်တင်နေပြီလား...သားတော်ကိုမစောင့်ရှောက်နိုင်ခဲ့လို့..'
လွန်ခဲ့သော19နှစ်ခန့်က
"အိုက်ယား..လူကြီးမင်းရောက်လာပြီလား.."
ဆောင်ကြာမြိုင်ပိုင်ရှင်အဒေါ်ကြီးက ပိုင်စန်းထန်ကိုတွေ့တော့ ယပ်တောင်လေးတဖျက်ဖျက်နဲ့ဝမ်းသာအားရကြိုဆိုလေသည်
"ဂေဟာမှာအချောအလှလေးတွေအများကြီးရောက်တယ်နော်လူကြီးမင်း..ပါကင်လေးတစ်ယောက်လည်းပါသေးတယ်.."
ပိုင်ရှင်အဒေါ်ကြီးရဲ့စကားကြောင့် စန်းထန်အနည်းငယ်အံ့သြ သွားမိသည် သူခါတိုင်းလာနေကြဒီလိုပါကင်ရှိတယ်ဆိုတာမကြားမိပါဘူး
"ဘယ်သူလဲ.."
"ကောင်မလေးတစ်ယောက်ပေါ့..အကြွေးနဲ့သိမ်းခံရပြီးရောင်းစားခံထားရတာလေ.."
"သူ့ကိုဒီညအတွက်လိုချင်တယ်.."
"အိုက်ယား..အားနာစရာတွေတော့ဖြစ်ကုန်ပြီ လူကြီးမင်းကစောစောရောက်မလာတာခက်ကုန်တာပဲ သူ့အတွက်ကြိုမှာထားတဲ့သူရှိတယ်.."
"အဲ့မှာထားတဲ့လူထက်ပိုက်ဆံ2ဆပေးမယ်ဆိုရင်ကော.."
"အယ်...လူကြီးမင်း..လူကြီးမင်းကိုကျွန်မကဘယ်လိုများငြင်းနိုင်မှာတဲ့လဲ..စိတ်ချစိတ်ချ..အဲ့ကောင်မလေးကဒီညလူကြီးမင်းအတွက်ဖြစ်စေရမယ်.."
YOU ARE READING
If The Love Is True(Completed)
General Fiction(A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည်သူ့တစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ) (A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည...