79

649 73 7
                                    

လျိူချန်းနိုးလာတော့မျက်လုံးတွေဝေဝါးနေကာသေချာမမြင်ရတာကြောင့်ခဏလောက်အချိန်ယူပြီးထပ်ဖွင့်ကြည့်တော့မှမြင်ရသည်

"အရှင်..နိုးလာပြီလား.."

ကုတင်ဘေးမှာထိုင်နေတဲ့ရှောင်ယွင်ကိုတွေ့တော့လျိူချန်းကထကာဟိုဘက်ဒီဘက်ကြည့်ရင်း

"ကိုယ်...ဒီကိုဘယ်လိုရောက်လာတာလဲ..ကိုယ့်အဆောင်မှာမဟုတ်ဘူးလား.."

လျိူချန်းနောက်ဆုံးမှတ်မိတာက မနေ့ညကအဆောင်ထဲကိုလုပ်ကြံသူဝင်လာတာကြောင့်တိုက်ခိုက်ခဲ့သည် ထို့နောက်သူအိပ်ပျော်သွားသည် အခုကြင်ယာတော်အဆောင်ကိုဘယ်လိုရောက်လာတာလဲ

"မနက်စောစော..အရှင်ကိုယ်တိုင်ပဲကျွန်တော့်ဆီလာတာလေ..မမှတ်မိတော့ဘူးလား.."

လျိူချန်းကခေါင်းခါပြရင်း

"ဟင့်အင်း..ကိုယ်မမှတ်မိဘူး...ဘာလို့ပါလိမ့်.."

"အရမ်းမစဉ်းစားပါနဲ့တော့..ခေါင်းကိုက်နေမယ်...အခုညီလာခံသွားချိန်ရောက်နေပြီလေ.."

"အင်း...ဟုတ်တာပဲ...ကိုယ်သွားတော့မယ်..ညကျရင်နန်းပြင်ထွက်မယ်နော်.."

"ဟုတ်ကဲ့.."

လျိူချန်းကညီလာခံနီးနေပြီဖြစ်တာကြောင့် နန်းရင်ပြင်သို့ထွက်လာလေသည် ထို့နောက်ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်ရင်း

'ထူးဆန်းတယ်...ငါ့ကိုယ်ပေါ်မှာလည်းအဝတ်တွေကပြင်ဆင်ပြီးသားဖြစ်နေပါလား...ဘယ်လိုဖြစ်တာလဲ..ငါဘာမှမမှတ်မိတော့ဘူး...ကျစ်..'
......................
"မင်းသားနှစ်ကတကယ်တော်တာပဲ...နန်းတော်မြေပုံကိုရအောင်ယူနိုင်တယ်.."

"ဒါလေးကကျွန်တော့်အတွက်အသေးအဖွဲ့ကိစ္စပါပဲ..."

"မနေ့ညကမင်းကြီးအဆောင်ကိုလုပ်ကြံသူဝင်တယ်ကြားတယ်..မဟုတ်မှလွဲရော..အဲ့ဒါ.."

"ဟက်...ဟုတ်တယ်..အမတ်ကြီးထင်သလိုပဲ..အဲ့ဒါကျွန်တော်လေ..."

"ဒါပေမယ့် မင်းသားနှစ်..တခုသံသယရှိတာက နန်းတော်မြေပုံပျောက်သွားတာတောင်မင်းကြီးကဘာလို့အေးဆေးဖြစ်နေတာလဲ..တခုခုမှားနေသလိုပဲ.."

If The Love Is True(Completed)Where stories live. Discover now