92

947 103 18
                                    

စာသင်နေချိန်တွင်လည်းရှောင်ယွင်ကပိုင်ယွီနဲ့ဝူကျိူးရဲ့အလယ်မှာထိုင်ရပေမယ့်နှစ်ယောက်လုံးဖက်ကိုလုံးဝလှည့်မကြည့်ပေ

ဆရာမကစာသင်ပြီးထွက်သွားတော့အတန်းခေါင်းဆောင်မိန်းကလေးကအတန်းရှေ့ထွက်လာပြီး

"Hello...pls attention..နောက်အပတ်ထဲမှာနှူတ်ဆက်ပွဲရှိတာအားလုံးသိကြတယ်ဟုတ်..ဒီပွဲကငါတို့အထက်တန်းကျောင်းရဲ့နောက်ဆုံးပျော်ပွဲပဲ ဒါပြီးရင်Finalစာမေးပွဲဖြေရတော့မှာပါ...ပြီးရင်တော့ငါတို့အတန်းဖော်တွေသူငယ်ချင်းတွေကိုယ့်ခရီးကိုယ်ဆက်လျှောက်ချိန်ရောက်ပြီ မတူညီတဲ့Majorတွေမတူညီတဲ့Universityတွေကငါတို့ကိုစီးကြိုနေကြမှာ..ဒါကြောင့်ငါအဲ့ပွဲကိုအကောင်းဆုံးဖြစ်စေချင်တယ်.."

အတန်းခေါင်းဆောင်ကပြောတော့အားလုံးကလည်းခေါင်းငြိမ့်ထောက်ခံကြသည် အတန်းထဲကသူတိုင်းကအားလုံးမရင်းနှီးပဲကိုယ့်အုပ်စုနဲ့ကိုယ်ဆိုပေမယ့် အတန်းဖော်တွေဖြစ်နေကြတာနှစ်နဲ့ချီနေပြီမဟုတ်လား

"ဒီနှစ်မှာတော့ငါတို့Aခန်းကနှူတ်ဆက်ပွဲမှာဖျော်ဖြေဖို့်တာဝန်ကျတယ်..နှူတ်ဆက်ပွဲဆိုတော့အငယ်တန်းတွေကလည်းပါတယ် ငါကတော့ငါတို့အတန်းကိုအကောင်းဆုံးဖြစ်စေချင်တယ် ဒါကြောင့်ပြဇာတ်အသေးလေးတစ်ခုလောက်ဖျော်ဖြေဖို့လုပ်ထားတယ်.."

ပုံမှန်ဆိုအတန်းခေါင်းဆောင်ကတခုခုပြောတိုင်းအတန်းထဲကလူတွေကလိုက်နောက်ပြီးပြောတတ်ပေမယ့်ဒါကနောက်ဆုံးနှူတ်ဆက်ပွဲဖြစ်တာကြောင့်အားလုံးသေချာနားထောင်ကြသည်

အတန်းခေါင်းဆောင်ယွမ်ရှင်းကလွယ်အိတ်ထဲကစာရွက်တချိူ့ကိုယူလိုက်ပြီးပြန်ရပ်ကာ

"ငါမနေ့ညကဒါတွေကိုမအိပ်ပဲရှာထားရတာ...ငါတို့ကြေကွဲဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ကြမယ်..နင်တို့်ကြားဖူးကြလား..လွန်ခဲ့တဲ့နှစ်ပေါင်း500တုန်းကသနားဖို့်ကောင်းတဲ့ကြင်ယာတော်တစ်ပါးအကြောင်းလေ သူကအရမ်းသနားဖို့ကောင်းတာ အမြဲလည်းအနိုင်ကျင့်ခံရတယ်..အဲ့ဒါကြောင့်သူသေခါနီးအချိန်မှာဘယ်အပင်ကိုလည်းမသိဘူး တိုုင်တည်ပြီးသစ္စာဆိုသွားတယ်.."

If The Love Is True(Completed)Wo Geschichten leben. Entdecke jetzt