36

895 114 3
                                    

"ရှူး...တိုးတိုး..."

အစောင့်တွေကလိုက်ရှာနေကြ၍ လျိူချန်းနဲ့ရှောင်ယွင်တို့ ထောင့်မှာကပ်ပြီးပုန်းနေကြရသည်

"လျိူချန်း...ကြည့်ရတာ ခေါင်းဆောင်သိသွားပြီထင်တယ်..ဘယ်လိုလုပ်မလဲ.."

ရှောင်ယွင်က လျိူချန်းကိုအားကိုးတကြီးလက်ကိုဆုပ်ကိုင်လေသည်

"ဘာမှမဖြစ်ဘူး ငါရှိတယ်..ငါ့ကိုယုံတယ်မလား.."

"အွန်း..ယုံတယ်.."

"ဒါဆိုအခုချိန်စပြီးငါခိုင်းတဲ့အတိုင်းလုပ်နော်..မင်းဘာမှမဖြစ်စေရဘူး..."

"ဟုတ်..ကျွန်တော်ဘာလုပ်ရမလဲ လျိူချန်း.."

"မင်း သူတို့ရှေ့လူလုံးထွက်ပြ..ပြီးတော့ခေါင်းဆောင်ဆီလိုက်သွားလိုက်.."

"ဟင်.."

"ငါလာကယ်မယ်...နည်းလမ်းရှိတယ်.."

"ဟုတ်..ကျွန်တော်လျိူချန်းကိုယုံပါတယ်.."

ရှောင်ယွင် ကလျိူချန်းကိုပြုံးပြပြီး ပုန်းနေတဲ့နေရာကနေထွက်ကာ

"ဟိတ်..အစောင့်တွေ ကျွန်တော်ဒီမှာလာဖမ်းကြလေ..."

"ဟိုမှာ..ဟိုကောင်လေး..သွားသွား..မြန်မြန်သွားဖမ်း.."

အစောင့်တွေကလည်း ရှောင်ယွင်ပြန်ထွက်ပြေးသွားမှာဆိုး၍ အမြန်ပင်ရှောင်ယွင်ကိုလာဖမ်းကြသည်

လျိူချန်းကထောင့်ကနေ ရှောင်ယွင်ကိုဖမ်းသွားတာကိုလှမ်းကြည့်ရင်း

'မင်းဘာမှမဖြစ်စေရဘူး ငါလာကယ်မယ်..'
.......................

"ခေါင်းဆောင် သူ့ကိုပြန်ဖမ်းမိပါပြီ.."

ဟန်အော်တစ်ယောက်တည်း စိုးရိမ်စိတ်ဖြင့်ဟိုလျောက်ဒီလျောက် လျောက်နေစဉ် အစောင့်တွေဘေးကရှောင်ယွင်ကိုမြင်တော့စိတ်သက်သာရာရ သွားရသည် ဒီကောင်လေးကသူ့အတွက်ငွေအိတ်ကြီးဖြစ်လာမှာ

ဟန်အော်က ရှောင်ယွင်အနားလျောက်သွားကာ တစ်ချက်ထိုးလိုက်လေသည်

ခွပ်💢

"အာ့...."

ရှောင်ယွင် မျက်နှာကလည်ထွက်သွားကာ နှူတ်ခမ်းထောင့်ကနေလည်းသွေးတွေစီးကျလာလေသည်

If The Love Is True(Completed)Where stories live. Discover now