"ခေါင်းဆောင် ကျွန်တော်တို့အိမ်ရှေ့စံကိုလုပ်ကြံနိုင်ခဲ့ပါပြီ သူသေသွားပြီ.."
လိုက်ကာတစ်ဖက်ခြမ်းက မျက်နှာဖုံးတပ်ထားသောလူက ထိုစကားကိုကြားတော့
"သေချာရဲ့လား သူ့အလောင်းကိုမင်းမျက်စိနဲ့တပ်အပ်မြင်ခဲ့လား.."
"အဲ့ဒါက..ဟို..သူကချောက်ထဲကိုပြုတ်ကျသွားတာပါ..ချောက်ကနက်တာမို့လို့အသက်ရှင်နိုင်ခြေမရှိပါဘူး.."
"မဖြစ်နိုင်တာ မင်လျိူချန်းကဒီလိုလွယ်လွယ်လေးဇာတ်သိမ်းသွားမယ့်သူမဟုတ်ဘူး သူ့အလောင်းကိုငါကိုယ်တိုင်မြင်ရမှယုံမယ်.."
"ဒါပေမယ့်.."
"အဲ့ချောက်ထဲကိုတခြားလမ်းကသွားနိုင်မယ့်နည်းကိုရှာ အဲ့ထဲကိုဆင်းပြီးမင်လျိူချန်းအလောင်းကိုကောက်လာခဲ့.."
"ချောက်ထဲကိုဆင်းရမယ်!.."
"မလုပ်ချင်ဘူးလား..ကောင်းပြီ မင်းအသက်ကိုဒီမှာတင်ခြွေပေးလိုက်ရမှာပဲ.."
"မ..မဟုတ်ပါဘူး ခေါင်းဆောင်..ကျွန်တော် သူ့အလောင်းကိုကောက်လာခဲ့ပါမယ်.."
"ကောင်းတယ်..ဟက်...ဟားဟားဟားဟား.."
....................."အာ့..."
ရှောင်ယွင် သတိပြန်ရလာချင်းမှာပဲမသက်မသာခံစားလိုက်ရသည်
"သတိရလာပြီလား...ကောင်းတယ် မင်းဒီထက်နည်းနည်းလေးပိုပြီးနောက်ကျသွားမယ်ဆိုရင် ငါတောင့်ခံနိုင်တော့မှာမဟုတ်ဘူး.."
"ဟင်.."
လျိူချန်းရဲ့အသံကြောင့် ရှောင်ယွင်အပေါ်ကိုအနည်းငယ်မော့ကြည့်လိုက်တော့ ချွေးတွေစီးကျနေတဲ့လျိူချန်း
"လျိူချန်း..ကျွန်တော်တို့ဘယ်ရောက်နေတာလဲ.."
"အောက်ကိုကြည့်လိုက်.."
လျိူချန်းရဲ့စကားကိုကြားမှ ရှောင်ယွင်ပတ်ဝန်းကျင်ကိုသတိထားမိလိုက်သည် ဘုရားရေ သူတို့အခုတွဲလောင်းကြီးဖြစ်နေပါလား..လျိူချန်းလက်တစ်ဖက်က ချွန်ထွက်နေတဲ့ကျောက်တုံးအစွန်းကိုကိုင်ထားပြီး လက်တစ်ဖက်ကရှောင်ယွင်ခါးကိုပွေ့ကာသူ့ရင်ခွင်ထဲဆွဲသွင်းထားသည် ကျောက်တုံးကိုကိုင်ထားတဲ့လျိူချန်းရဲ့လက်တစ်ဖက်ကသွေးတွေကတစ်စက်ချင်းစီကျနေသေးသည်
YOU ARE READING
If The Love Is True(Completed)
General Fiction(A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည်သူ့တစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ) (A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည...