41

848 106 6
                                    

"လျိူချန်းမအိပ်သေးဘူးလား.."

ရှောင်ယွင်ရေချိူးပြီးပြန်ထွက်လာတော့ လျိူချန်းကကုတင်ပေါ်မှာထိုင်ကာတခုခုကိုတွေးတောနေဟန်ရှိလေသည်

"အင်း..ရှောင်ယွင် ကိုယ်စဉ်းစားနေတာ.."

"ဘာကိုလဲ.."

"ယွမ်နိုင်ငံကလူတွေနဲ့ပတ်သက်ပြီးယွမ်မင်းကြီးဘာမှမသိတာကို...သူ့တိုင်းသူပြည်သားတွေအနိုင်ကျင့်ခံနေရတာကိုသူတကယ်ပဲမသိတာလား..ဒါမှမဟုတ်သိလျက်နဲ့လာဘ်စားတာလား..."

ရှောင်ယွင်ကဝတ်စုံကိုပြင်ဝတ်ကာ လျိူချန်းအနားကိုလာထိုင်ပြီး

"လျိူချန်းသာ..ယွမ်မင်းကြီးနေရာမှာဆိုဘယ်လိုလုပ်မှာလဲ.."

"အဲ့လိုတရားမဝင်လုပ်ငန်းတွေလုပ်ပြီးလူတန်းစားခွဲခြားဆက်ဆံတဲ့သူတွေကိုအပြစ်ပေးမှာပေါ့..."

"ယွမ်မင်းကြီးကိုလျိူချန်းတွေ့ဖူးလား.."

"နိုင်ငံပေါင်းစုံညီလာခံလုပ်တုန်းကအဝေးကနေတော့တွေ့ဖူးတယ်..သူ့ပုံကြည့်ရတာမာနကြီးပုံတော့မရှိပါဘူး.."

"ဘာပဲဖြစ်ဖြစ် လျိူချန်း..ဟိုလူတွေကိုပြောခဲ့တယ်ဆိုတော့..ဒီတရားမဝင်ကိစ္စတွေကိုယွမ်မင်းကြီးသိအောင်ပြောပြရမယ်နော်..."

"ပြောပြမှာပါ...ကိုယ်ရန်နိုင်ငံကိုပြန်ရောက်ရင် ယွမ်မင်းကြီးဆီသံတမန်လွတ်လိုက်မယ်..ပြီးတော့ခမည်းတော်ကိုရှောင်ယွင်နဲ့ကိုယ့်အကြောင်းပြောပြီး ရှောင်ယွင်ကိုလာတောင်းမယ်.."

လျိူချန်းကရှောင်ယွင်မေးစေ့လေးကိုကိုင်ကာပြောတော့ ရှောင်ယွင်ကပြုံးလိုက်ပြီး

"....တကယ်လို့ လျိူချန်းခမည်းတော်ကသဘောမတူခဲ့ရင် ခမည်းတော်စိတ်ညစ်အောင်အတင်းကြီးမလုပ်ပါနဲ့နော်...ဘယ်မိဘမဆိုကိုယ့်သားသမီးကိုအကောင်းဆုံးတွေချည်းဖြစ်စေချင်တာလေ.."

'....အဲ့ထဲမှာ ကျွန်တော့်ခမည်းတော်တော့မပါခဲ့ဘူး..'

"အရမ်းစိတ်မပူပါနဲ့ ရှောင်ယွင်...ခမည်းတော်ခွင့်ပြုမှာပါ..သေချာပေါက်ခွင့်ပြုစေရမယ်.."

If The Love Is True(Completed)Where stories live. Discover now