ရန်နိုင်ငံတွင်
"အား....ရှင်းလီရာ...မင်းဘာလို့အခုလိုလုပ်ရက်ရတာလဲကွာ...ငါကမင်းကိုအရမ်းချစ်တာ.."
ပိုင်ယွီကသေရည်အိုးကိုမော့ချရင်း အော်ဟစ်ပြီးသောင်းကျန်းနေလေသည် အဆောင်ထဲမှာလည်းသူဖျက်ဆီးထားတာကြောင့်စင်တွေကလည်းပြိုကျကာ စာအုပ်တွေကလည်းဆုတ်ပြဲလျက်ရှိလေသည်
"အခုမှ နောင်တရမနေနဲ့တော့..ပိုင်ယွီ.."
အမတ်မင်က အဆောင်ထဲကိုဝင်လာရင်း ပိုင်ယွီလက်ထဲကသေရည်အိုးကိုဆွဲယူလိုက်ပြီး
"ငါမင်းကိုမပြောဘူးလား...အိမ်ရှေ့စံနေရာကိုရအောင်လုပ်ပါလို့..အဲ့ချိန်တုန်းကတော့ယန်ရှင်းလီနဲ့ပျော်ပါးအချိန်ဖြုန်းနေပြီး အခုအိမ်ရှေ့စံပြန်လာတော့ဘာဖြစ်ပြီလဲ...မင်းရဲ့ရှင်းလီကသူ့ဆီရောက်သွားပြီမလား.."
"အဘိုး...ဘာတွေလာပြောနေတာလဲဗျာ...ကျွန်တော့်အနာကိုဆားနဲ့မပက်ပါနဲ့..."
"မပက်လို့မရဘူး...ပိုု်ု်င်ယွီ...မင်းငယ်ငယ်လေးကတည်းကငါဆုံးဖြတ်ချက်ချထားပြီးသား..မင်းကဒီရန်နိုင်ငံရဲ့ဘုရင်ဖြစ်ကိုဖြစ်ရမယ်..."
"ကျွန်တော်ဘုရင်မလုပ်ချင်ဘူး..ကိုယ်ချစ်တဲ့သူနဲ့ပဲအတူတူနေချင်တာ..."
"မရဘူး...မင်ပိုင်ယွီ...မင်းကရန်နိုင်ငံရဲ့ဘုရင်ဖြစ်ရမယ်...အဲ့လိုဖြစ်အောင်လည်းငါလုပ်မှာ..နန်းတက်ပွဲမှာ အိမ်ရှေ့စံကိုလုပ်ကြံရမယ်..ဟုတ်တယ်.."
"အဘိုး..အဲ့လိုလုပ်လို့မဖြစ်ဘူးနော်...ဒါကပုန်ကန်မှူ...မိသွားရင်သေဒဏ်ပဲ.."
"ငါ့ကိုဆရာလာမလုပ်နဲ့...မင်ပိုင်ယွီ..."
အမတ်မင်ကကိုယ့်အကြံနဲ့ကိုယ် အဆောင်ထဲကပြန်ထွက်သွားလေသည် ပိုင်ယွီကတော့ထွက်သွားတဲ့အဘိုးရဲ့နောက်ကျောပြင်ကိုကြည့်ပြီးခေါင်းခါကာ သေရည်ဆက်သောက်နေလိုက်သည်
.......................
ရင်နိုင်ငံတွင်"ပေါက်စီလေး...အခုလောက်ဆိုလျိူချန်းဘာလုပ်နေလောက်ပြီလဲ..."
ရှောင်ယွင်က ပေါင်ပေါ်ကပေါက်စီလေးကိုပွတ်သပ်ပေးရင်းစကားတိုးတိုးလေးပြောမိလေသည်
CZYTASZ
If The Love Is True(Completed)
General Fiction(A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည်သူ့တစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ) (A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည...