85

809 88 16
                                    

လျိူချန်းအခန်းထဲရောက်ပြီးမကြာခင် မုံ့ယွင်ကရောက်လာကာ

"ဒီတစ်ခါကောသတင်းပဲလား.."

"အင်း.."

"ဘာသတင်းကိုသိချင်တာလဲ...ကျွန်မသိသလောက်ပြောပြပေးမယ်လေ..ဒါပေမယ့်အခကြေးငွေတော့လိုမယ်နော်.."

"ရော့.."

လျိူချန်းအကျႌအိတ်ထဲကငွေတုံး5တုံးကိုထုတ်ပေးလိုက်ကာ

"ပထမဆုံး ငါဒီကိုလာတယ်ဆိုတာဘယ်သူမှမသိစေနဲ့...ငါနဲ့ပါလာနေကြသူတောင်မသိစေနဲ့.."

"အိုး..လျိူ့ဝှက်ချက်ပေါ့..ကောင်းပြီလေ..ကျွန်မကနှူတ်လုံပါတယ်.."

"အင်း...အခုငါသိချင်တာက အောက်လမ်းဆရာမမင်းပိုင်အကြောင်းပဲ သူ့ကိုမင်းသိလား.."

"လူတော့မတွေ့ဖူးဘူး ကြားဖူးတယ် မနေ့ကလာတဲ့ဧည့်သည်ဆီကနေတောင်သူ့သတင်းကြားလိုက်သေးတယ်.."

"သူကအခုဘယ်မှာလဲ.."

"ခရီးထွက်နေတယ်လို့ပြောတာပဲ...ဘယ်တော့ပြန်ရောက်မလဲတော့မသိဘူး.."

"ကျစ်.."

"ထပ်မေးစရာရှိသေးလား.."

"မရှိတော့ဘူး.."

လျိူချန်းနှူတ်ဆက်ပြီးဆောင်ကြာမြိုင်ကနေထွက်လာခဲ့လိုက်သည် လမ်းကွေ့နားရောက်တော့အနားကနေဖြတ်သွားတဲ့အဒေါ်ကြီးတစ်ယောက်ကိုလျိူချန်းသတိထားမိလိုက်သည် သူအမြင်မမှားဘူးဆိုရင်အဲ့အဒေါ်ကြီးဆံပင်ထိုးထားတဲ့ကျောက်စိမ်းဆံထိုးကရှင်းလီရဲ့ဆံထိုးပဲ အဲ့ဆံထိုးကလျိူချန်းရဲ့ခမည်းတော်ကိုယ်တိုင်ချီးမြှင့်ထားတဲ့ဆံထိုးဖြစ်တာကြောင့်လျိူချန်းသေချာမှတ်မိသည်

လျိူချန်းထိုအဒေါ်ကြီးနားပြေးသွားကာအနားရောက်တော့အနောက်ကနေလည်ပင်းကိုဓားဖြင့်တေ့လိုက်သည်

"..ဟုတ်..ဟုတ်ကဲ့.."

"ကျောက်စိမ်းဆံထိုးကဘယ်ကရတာလဲ.."

"ဟင်.."

"ခင်ဗျားအသက်ကိုနှမြောရင်လိမ်ဖို့မကြိုးစားနဲ့.."

"ဟို...ဟို..ဒါက...ကျွန်မဝယ်ထားတာပါ.."

လျိူချန်းကဓားကိုပိုဖိလိုက်ပြီး

If The Love Is True(Completed)Where stories live. Discover now