82

740 81 10
                                    

ဥယျာဉ်တော်ထဲကိုရောက်တော့လျိူချန်းက ရေကန်ဘေးမှာရပ်လိုက်ပြီး ရှင်းလီကလည်းလျိူချန်းအနောက်မှာရပ်လေသည်

"ကိုယ်တို့လက်ထပ်ထားတာတောင်ကြာနေပြီနော်.."

"ဟုတ်ပါတယ်မင်းကြီး.."

"ရှင်းလီမင်းသိလား..ကိုယ်ကကိုယ့်ခံစားချက်တွေကိုလွယ်လွယ်မဖော်ပြတတ်ဘူး...လူတစ်ယောက်ကိုသတ်ပစ်ချင်နေလောက်အောင်မုန်းနေရင်တောင်မှအပြင်မှာဘာမှမဖြစ်သလိုနေတတ်တယ်.."

ထိုစကားကလျိူချန်း ရှင်းလီကိုရည်ညွှန်းခြင်းဖြစ်ပေမယ့် ရှင်းလီကတော့ရှောင်ယွင်ကိုပြောသည်လို့ထင်နေသည်

ရှင်းလီကလျိူချန်းပုခုံးပေါ်အနောက်ကနေလက်တင်လိုက်ပြီး

"ဒါဆို မင်းကြီးအခုရှင်းလီအပေါ်ထားတဲ့ခံစားချက်ကဘယ်လိုလဲဆိုတာသိခွင့်ရှိမလား.."

လျိူချန်းကရှင်းလီလက်ကိုကိုင်ပြီးဒီဘက်လှည့်လိုက်ကာ

"ရှင်းလီကဘယ်လိုထင်လို့လဲ..."

ရှင်းလီကရှက်ပြုံးပြုံးရင်း

"မင်းကြီးကရှင်းလီကိုအမြဲတမ်းရှောင်ဖယ်နေသလိုပဲ..."

"ဘာလို့အဲ့လိုထင်ရတာလဲ.."

"မင်းကြီးရဲ့လုပ်ရက်တွေကသိသာနေတာပဲလေ..ရှင်းလီဖက်ကအသင့်ဖြစ်နေရင်တောင်မင်းကြီးကရှောင်ဖယ်သွားတယ်.."

လျိူချန်းကရှင်းလီရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားပြီး

"ရှင်းလီကအထင်မှားနေခဲ့တာပဲ..တကယ်တော့ကိုယ်မဝံ့မရဲဖြစ်ခဲ့တာပါ..."

"မဝံ့မရဲဖြစ်တယ်..?.."

"အင်း..တကယ်တော့ကိုယ်မင်းကိုစတွေ့ချိန်ကတည်းကစိတ်ဝင်စားခဲ့တာ..ရင်ခုန်ခဲ့တာ..ဒါပေမယ့်ကိုယ့်ရင်ခုန်သံတွေကိုဖုံးကွယ်ထားမိတယ်.."

"ဒါဆိုကြင်ယာတော်ပိုင်ကရော..သူ့အပေါ်ကိုကောမင်းကြီးဘယ်လိုသဘောထားလဲ.."

"......သူကဒီအတိုင်းသာမန်ပါပဲ.."

"သာမန်..?.."

"သူကလှတယ်လေ..ဘယ်သူမဆိုလှတာကိုစိတ်ဝင်စားကြတာပဲ..ပြီးတော့ကိုယ်ကလည်းခဏတာလောက်သူ့အလှမှာရစ်မူးသွားခဲ့တာ..အကြာကြီးတော့မဟုတ်ဘူး...မင်းဘယ်လိုထင်လို့လဲ ရှင်းလီ..ကိုယ့်လိုတိုင်းပြည်အုပ်ချူပ်တဲ့ဘုရင်တစ်ယောက်က ယောကျာၤးလေးတစ်ယောက်ကိုအချိန်ကြာကြီးချစ်နိုင်မှာတဲ့လား.."

If The Love Is True(Completed)Tempat cerita menjadi hidup. Temukan sekarang