လျိူချန်းကဆေးခွက်ကိုအဆိပ်ခွက်နေရာမှာအစားထိုးကာလဲလိုက်ပြီးယူသွားစေလေသည် ထိုဆေးခွက်ကိုယူဆောင်သွားတဲ့နန်းတွင်းသူကလမ်းမှာအမတ်ယန်နဲ့တွေ့သည်
"အမတ်ယန်ကိုဂါဝရပြုပါတယ်.."
"အင်း...ထပါ..ဒါကကြင်ယာတော်ပိုင်သောက်ရမယ့်အဆိပ်ခွက်လား.."
"ဟုတ်ပါတယ်.."
ထိုခွက်ကိုကြည့်ပြီးအမတ်ယန်စိတ်ထဲကနေတွေးမိလေသည်
'မင်းကြီးကကြင်ယာတော်ပိုင်ကိုလွယ်လွယ်ပေးသေပါ့မလား...'
"ဘာရပ်လုပ်နေတာလဲ..."
အနောက်ဖက်ကထွက်လာတဲ့လျိူချန်းရဲ့အသံကြောင့်ဆေးခွက်ကိုကိုင်ထားတဲ့သူကလျင်မြန်စွာပင်ဂါဝရပြုဖို့်ပြင်လေသည်
"မင်းကြီးကိုဂါဝရပြုပါတယ်.."
"အင်း..ထ..အခုထက်ထိမသွားသေးပဲဘာလုပ်နေတာလဲ.."
"ဟုတ်...မင်းကြီး..သွားတော့မှာပါ.."
နန်းတွင်းသူထွက်သွားတော့အမတ်ယန်ကရယ်ရင်း
"မင်းကြီးကကြင်ယာတော်ပိုင်ကိုလွယ်လွယ်ပေးသေမယ်လို့မထင်ထားဘူး..."
"မထင်ထားတာတွေဖြစ်လာပြီပဲမဟုတ်လား.."
လျိူချန်းထွက်သွားတော့အမတ်ယန်ကကောက်ကျစ်စွာပြုံးလိုက်ရင်း
'ဟက်...မင်လျိူချန်း..မင်းကငါ့နောက်မှလူဖြစ်လာတာပါ..မင်းတခုခုကြံနေတယ်ဆိုတာငါသိတယ်..ဒါပေမယ့်စိတ်ချပါ မင်းဘာပဲကြံနေနေ မင်းအကြံတိုင်းကိုငါကပျက်အောင်လုပ်မှာ..'
.....................
မေဘယ်ပင်ကြီးအောက်မှာရပ်နေတဲ့ရှောင်ယွင်ကလောကကြီးကိုအရှူံးပေးလိုက်သလိုပင်စိတ်တွေအကုန်ကျဆင်းနေလေပြီ သူအရမ်းကိုစိတ်ဓာတ်ကျနေပြီ သူ့ကိုအပြစ်သားတစ်ယောက်လိုကြည့်နေကြတဲ့မျက်လုံးတွေကိုသူမမြင်ချင်တော့ဘူး အထူးသဖြင့်အမတ်ယန်နဲ့မင်းသားနှစ်ပိုင်ယွီကသူ့ကိုမဲ့ပြုံးပြုံးကာကြည့်နေကြသည်"ဟားဟားဟားဟား..."
ရုတ်တရက်ထရယ်တဲ့ရှောင်ယွင်ကြောင့်ရပ်ပြီးကြည့်နေကြတဲ့နန်းတွင်းသူတွေနဲ့အထိန်းတော်တို့အပြင်တခြားသူတွေအားလုံးကြောင်သွားကြလေသည်
VOCÊ ESTÁ LENDO
If The Love Is True(Completed)
Ficção Geral(A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည်သူ့တစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ) (A.N-ဒီFicထဲရှိဇာတ်လမ်းဇာတ်ကွက်များသည်သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစ်သည် သက်ရှိသက်မဲ့ မည...