ZawGyi
သူကပိုပြီးတော့ အကျင့်မကောင်းတဲ့သူဖြစ်လေ သူမကပိုပြီးတော့ သူ့ကိုသဘောကျလေပဲ
သူမ၏ ပြန်သည့်စာကိုဖတ်ရင်း ကျိုးဖုံးသည်အားရပါးရရီမိတော့သည် ။
ကြည့်ရတာ ချွန်းရှောင်မှန်ကန်ပုံရသည် ၊ဒီအကောင့်က အမှန်တကယ်ကို ကိုင်တဲ့သူပြောင်းသွားခဲ့ပြီ ။သူမရဲ့စကားပြောပုံဆိုပုံပြုမူပုံတို့ကအစ လုံးဝမတူညီတော့ပါ ။
[သူငယ်ချင်း] ကျိုးဖုံး - ငါတကယ်ကိုတောင်းပန်ပါတယ် ။ငါ့သူငယ်ချင်းက ငါ့အတွက်မတရားဘူးထင်လို့ သူကဒေါသထွက်သွားပါ
[သူငယ်ချင်း] ကျိုးဖုံး - နင် ဘယ်နှကြိမ်သေပြီးတော့ ငွေဘယ်လောက်ဆုံးရှုံးသွားခဲ့ပြီပြီလဲ?ငါနင့်ကို အလျော်ပြန်ပေးပါ့မယ်
[သူငယ်ချင်း] ရှောင်ထျန်ကျင် - ရပါတယ် ၊ငါအဲ့လောက်လဲ မသေခဲ့ပါဘူး ။ပြီးတော့ ငါသူတို့အတွက်အမဲလိုက်ခတောင် စုပေးထားပါသေးတယ်
[သူငယ်ချင်း] ကျိုးဖုံး - ဟားဟား ၊နင်ကတော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ ။နင် ဒီလိုမျိုးအမဲလိုက်ခံရတာတောင် ငါ့ကိုရီရီမောမောနဲ့ စကားပြောနေနိုင်သေးတယ်
[သူငယ်ချင်း] ရှောင်ထျန်ကျင် - နင်လဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် ။နင် အားလုံးကုန်သွားတဲ့အထိ သစ္စာဖောက်ခံလိုက်ရတာတောင် ဒီအကောင့်ကိုစကားလာပြောဖို့ သတ္တိရှိနေသေးတယ်နော်
[သူငယ်ချင်း] ကျိုးဖုံး - ဟုတ်ပါပြီ ။အမှန်တကယ်ကို ငါပိုက်ဆံအများကြီးသစ္စာဖောက်ခံလိုက်ရတယ် ။ဒီအကောင့်အတွက်ကျန်ခဲ့တဲ့နှစ်တွေက limited edition ၀တ်စုံတွေနဲ့ ပွိုင့်ကဒ်တွေက အကုန်လုံးငါ့ဆီက၀ယ်ပေးထားတာ
ကျင်းဟွမ်သည် လု့ဝမ်ဟောင်နေရာတွင် ကျိုးဖုံးကိုမြင်ယောင်မိကာ မတတ်နိုင်တော့ဘဲ အနည်းငယ်သနားမိသွားသည် ။
[သူငယ်ချင်း] ရှောင်ထျန်ကျင် -(ပုခုံးကိုပုတ်ကာ)ဒါက အိုကေနေပါသေးတယ် ၊အမှားကနေ သင်ခန်းစာယူပေါ့ ။နင်က လူလိမ်ကိုကျူရှင်ခပေးတယ်လို့ပဲ သဘောထားလိုက်ပါ
YOU ARE READING
[Myanmar Trans]Guide on How to Fail at Online Dating ]BL
Romance[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming, Modern, School,Boys Love Raws Link-http://www.jjwxc.net/onebook.php?novelid=4074715 Thanks to my Friend MeiMei & HuaHua for helping me tra...