~၂၅~

1.3K 307 20
                                    

ZawGyi

နင့်ရဲ့ ရှန့်ကိုကို

ထိုစာသားကိုပို့ပြိးနောက်တွင် ကျင်းဟွမ်သည် အလျင်အမြန်ပဲTaobaoကိုဖွင့်လိုက်ပြီး "စိတ်ဖိစီးတာတွေဖြေလျော့လို့ရနိုင်မယ့် ပစ္စည်း"လို့ရှာလိုက်ပြီး အမှာစာတင်လိုက်ကာ သူ၏လိပ်စာကိုအတည်ပြုထည့်ပေးလိုက်သည် ။ထိုလုပ်ဆောင်ချက်များအားလုံးကို သူသည်တစ်မိနစ်မကြာလိုက်သည့် အချိန်မှာပဲပြုလုပ်ပြီးစီးသွားခဲ့သည် ။

ဒါတွေအားလုံးက လူတစ်ယောက်ပြောမယ့်စကားတွေလား ?

မင်းမေယိုး

ဘ၀ကြီးက ငါ့ကိုဒီလိုလုပ်ဖို့ တွန်းအားပေးခဲ့တာ ။

နှလုံးသား လိုအင်ဆန္ဒက သူ့ကိုဒီလိုလုပ်ဖို့ တွန်းအားပေးခဲ့တာ ။

ငါ့မှာ အကောင်းအဆိုးခွဲခြားနိုင်တဲ့စိတ်မရှိတော့ဘူး ။နှလုံးသား လိုအင်ဆန္ဒကို လက်စားချေနိုင်ဖို့အတွက်ငါဘာမဆိုလုပ်နိုင်တယ် ။

ဒါတွေက ငါ့နှလုံးသားထဲကလာတဲ့ စကားလုံးတွေ မဟုတ်ဘူး ။

အကျင့်မကောင်းတဲ့ကောင်တွေအားလုံးက သေသင့်တယ် ။

ကျင်းဟွမ်သည် ထိုစကားများကို သူစိတ်တည်ငြိမ်သွားသည့်တိုင်အောင် ပါးစပ်မှတတွတ်တွတ်သူ့ကိုယ်သူ ရေရွတ်ပြီးနောက်တွင်တော့ ချီးကျုးသည့်စကားလုံးများကို ဦးဏှောက်မရှိသည့်ပိရိသတ်တစ်ယောက်ကဲ့သို့ ဆက်လက်ပစ်သွင်းတော့သည် ။

[ပါတီ] ရှောင်ထျန်ကျင် - ဒီတော့ ကိုကို နင့်ကိုယ်နင် တန်ဖိုးမချပါနဲ့နော် ဟုတ်ပြီလား~(လက်လေးကို ဆုတ်ကိုင်ထားလျက်)

နှလုံးသား လိုအင်ဆန္ဒသည် ထိုနေရာတွင်စကားလဲမပြော မလှုပ်လဲမလှုပ်ရှားဘဲ အကြာကြီးရပ်နေသည် ။

ရှန့်ဟွိုင်ဇီသည်သူအခုမြင်လိုက်ရတာကို ရီမိတော့မလိုနီးပါးဖြစ်သွားသည် ။ဒီအမျိုးသမီးရဲ့ မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်နိုင်တဲ့စွမ်းအားက စူပါပါဝါလို့ခေါ်နိုင်လောက်တဲ့အထိကို ရောက်ရှိနေပြီ ။

ပြီးတော့ အခုသူမပြောပုံဆိုပုံပေါ်ကိုအခြေခံပြီးကြည့်ခြင်းအားဖြင့် သူမလိုက်နေတဲ့သူက သူ့အစားလု့ဟန်ဖြစ်နေသင့်တယ် ။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now