~၃၇~P2

983 254 21
                                    


ZawGyi

ကိုကိုတောင်ပေါ်မှာ ညီမလေးအသစ်တစ်ယောက်နဲ့ တွေ့သွားပြီလား?

[သူငယ်ချင်း] ကျိုးဖုံး - နင် ရှိနေလား?

[သူငယ်ချင်း] ရှောင်ထျန်ကျင် - ရှိတယ်၊ ဘာဖြစ်လို့လဲ?

[သူငယ်ချင်း] ကျိုးဖုံး - ငါနဲ့အတူတူဖြစ်စဉ်တွေလာလုပ်ပါလား (ချစ်စဖွယ်)

[သူငယ်ချင်း] ရှောင်ထျန်ကျင် - ဟင့်အင်း၊ငါ့မှာ ဖြစ်စဉ်တွေလုပ်ဖို့ပုံမှန်အသင်းရှိပြီးသား

[သူငယ်ချင်း] ကျိုးဖုံး - ငါသိတယ် ဒါပေမယ့် ရှည်လျားသည့်လမ်းဆီသို့နဲ့အခြားလူတွေက နောက်ထပ်ရက်အနည်းငယ်လောက်အထိ ရှိနေမှာမဟုတ်ဘူးလေ။ ငါနဲ့အတူလျှောက်သွားရအောင်။ ငါကခေါင်းဆောင်ကောင်းတစ်ယောက်ပါနော် (ရှက်သည်)

[သူငယ်ချင်း] ရှောင်ထျန်ကျင် - ...ဟင့်အင်း၊ငါ တစ်ယောက်ထဲလုပ်ရတဲ့ တာဝန်တွေနဲ့အဆင်ပြေတယ်

[သူငယ်ချင်း] ကျိုးဖုံး - အိုကေလေ ဒါဆိုနင်အချိန်ရှိတိုင်း နောက်ကိုပြန်ကြည့်ဖို့သတိရပေးနော်

[သူငယ်ချင်း] ရှောင်ထျန်ကျင် - ဘာကိုနောက်ပြန်ကြည့်ဖို့လဲ?

[သူငယ်ချင်း] ကျိုးဖုံး - ငါ့ကိုကြည့်ဖို့လေ (ရှက်သည်)

ကျင်းဟွမ် - .....

နှလုံးသား လိုအင်ဆန္ဒနဲ့ပတ်သတ်တဲ့သူ့ရဲ့အော်လန်ကိစ္စပြီးသွားကတည်းက တစ်ခါတလေမှာ စာကြောင်းအနည်းငယ်လောက်နဲ့သူ့ကိုလာစနောက်တတ်တဲ့ကျိုးဖုံးကလွဲလို့ သူ့အနားကိုလာပြီးစုဝေးနေတဲ့လူစုလူဝေးကြီးဟာ လုံးဝကိုလစ်သွားခဲ့ကြသည်။

ကျင်းဟွမ် အနည်းငယ်တွေးတောပြီးနောက်တွင် စာရိုက်လိုက်သည်။

[သူငယ်ချင်း] ရှောင်ထျန်ကျင် - အိုကေ! ငါနတ်သမီးမြေပေါ်မှာ အော်တိုလုပ်ဖို့အရင်သွားလိုက်မယ်။ဒီနေရာက မြင်ကွင်းကအရမ်းလှတာပဲ ကိုကို့ကိုပြဖို့အတွက် ပုံနည်းနည်းလောက် ရိုက်လိုက်ဦးမယ်>.< နောက်တစ်ခေါက်ကျမှစကားထပ်ပြောကြတာပေါ့

Xxxxxxxxxxxxxxx

ကျင်းဟွမ်တစ်ရေးလောက်အိပ်လိုက်ပြီးနောက် သူ၏ပြတင်းပေါက်ထံသို့နေ၀င်သည့်အချိန်မှာ နိုးလာခဲ့သည်။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now