ZawGyi
ကျင်းဟွမ်ကဖိနပ်ရောင်းမယ့်အချိန်ကို alarmပေးလိုက်ကာ ဖိနပ်ဝယ်ဖို့အတွက်စောစောထဖို့ရန် ကြိုးစားဖို့ပြင်ဆင်လိုက်သည်။
"စီနီယာ" ရုတ်တရက်ဆိုသလို သူ့အနောက်မှာရှိနေတဲ့လူက ညင်သာစွာဖြင့် ခေါ်လိုက်သည်။
ကျင်းဟွမ် နောက်ကိုလှည့်ကြည့်လိုက်သည်။ အရင်၁ခေါက်တုန်းက သူ့ကိုရေဗူးပေးဖို့ကြိုးစားခဲ့သည့် မိန်းကလေးဖြစ်နေသည်။သူမသည် ရှည်လျားသည့်သူမ၏ဆံပင်တွေကို ဖြည်ချထားကာ အဖြူရောင်ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားပြီးစာအုပ်အချို့ကို ကိုင်ဆောင်ထားသည်။
ပန်းရောင်သန်းနေသည့် ပါးလေးနှင့် ထိုမိန်းကလေးသည် သူ့ဘေးဘက်တွင်ရှိနေသည့် ထိုင်ခုံကိုညွှန်ပြလိုက်ကာ "အဲ့မှာထိုင်လို့ ရမလား?"
ကျင်းဟွမ်မျက်တောင်ခတ်လိုက်ပြီး ခိုးကြောင်ခိုးဝှက်နှင့်သူ၏ လက်ကိုင်ဖုန်းကိုသိမ်းလိုက်သည်။ "ရတာပေါ့ ထိုင်ပါ"
ရှန့်ဟွိုင်ဇီ ရေချိုးခန်းထဲက ထွက်လာသောအခါ သူ၏ဖုန်းတွင် မဖတ်ရသေးသည့်စာ၎စောင်ကို တွေ့သွားသည်။
"မင်းရေချိုးနေတဲ့ ၁၀မိနစ်မှာ ရှောင်ထျန်ကျင်ကငါ့ကို လာရှာသွားပြီးပြီ" လု့ဟန်က နောက်လိုက်သည်။ "မြန်မြန်သွားကြည့်ကြည့် ၊သူမင်းကိုပြောချင်တဲ့ ကိစ္စကြီးကြီးမားမားများ ရှိနေလားလို့"
ရှန့်ဟွိုင်ဇီ အသံတိတ်ကာ ဖုန်းကိုဖွင့်လိုက်သည်။
ရှောင်ကျင်လေး - ပျော်ရွှင်စရာ ကြာသပတေးနေ့လေးပါ ကိုကို!!
ရှောင်ကျင်လေး - အခု အတန်းထဲမှာ အရမ်းးးးးးးးအိပ်ချင်တာပဲ =0=
ရှောင်ကျင်လေး - ကိုကိုကော ဘာလုပ်နေလဲ?
ရှောင်ကျင်လေး - ကိုကို၊ နောက်အပတ်ငါ့မှာ စာမေးပွဲရှိတယ်။ နေ့လည်မှာ ဗုဒ္ဓရဲ့ခြေတော်ကို သွားဖတ်ဖို့စာကြည့်တိုက်ကို သွားမှာ ငါကိုကိုနဲ့ ဖြစ်စဉ်တွေ မလုပ်နိုင်လောက်ဘူး
လု့ဟန် ထပ်ပြောလာသည်။ "စကားမစပ် ငါရှောင်ကျင်ကျင်ကိုခုလေးတင် မေးလိုက်သေးတယ် သူကျိုးဖုံးကိုထည့်တာ ကိစ္စမရှိဘူးတဲ့၊ဒီတော့ ငါနက်ဖြန်ကျိုးဖုံးကိုလာခဲ့ဖို့ ကတိပေးလိုက်တယ်၊ သူကငါ့ကို ကူမယ်တဲ့ အဲ့တော့ငါမငြင်းနိုင်တော့ဘူး"
YOU ARE READING
[Myanmar Trans]Guide on How to Fail at Online Dating ]BL
Romance[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming, Modern, School,Boys Love Raws Link-http://www.jjwxc.net/onebook.php?novelid=4074715 Thanks to my Friend MeiMei & HuaHua for helping me tra...