~၃၄~P1

1.1K 248 8
                                    


ZawGyi

ရှောင်ထျန်ကျင်က ရူးသွားပြီ ၊သူမတကယ်ပဲ သီချင်းဆိုပြိုင်ပွဲမှာ ၀င်ပြိုင်တာပဲ!

"အတိအကျပဲ ချက်ချင်းကိုလက်ထပ်ခွင့်တောင်းလိုက်မှာ"

လုဝမ်ဟောင်ရဲ့နှုတ်ခမ်းတွေက အစပ်ကြောင့် ဆူထော်ထော်လေးဖြစ်နေသည် ။သူသည်ရေတငုံခန့်သောက်လိုက်ပြီးနောက်တွင် တစ်ခုခုက လွဲချော်နေပြီဆိုတာကို အနံ့ရသွားခဲ့လေပြီ ။ "နေစမ်းပါဦး.....နီလာခရမ်းကျောက်? ဘာနီလာခရမ်းကျောက်လဲ?"

ကျင်းဟွမ်က စိတ်အေးလက်အေးနဲ့ဆက်ပြောသည် ။ "ပထမဆုံးရှင်းလင်းနိုင်ခြင်းအတွက် ဆုလေ"

"ပထမဆုံးရှင်းလင်းနိုင်ခြင်းအတွက် ရတဲ့ဆုကတကယ်ပဲ နီလာခရမ်းကျောက်လား?!"

ကောင်းဇီရှန်းရဲ့မျက်လုံးအစုံကပြူးကျယ်သွားပြီးတော့ သူ့မှာချဉ်တတ်သွားလို့ ပါးစပ်ကအမြှပ်တွေတောင် မြင်ရနိုင်သည် ။

"ယီး! ငါတို့တွေ၂စက္ကန့်သာစောသွားခဲ့ရင် အဲ့နီလာခရမ်းကျောက်ကိုရနိုင်မှာ.... မဟုတ်သေးဘူး နေစမ်းပါဦး ၊နှလုံးသား လိုအင်ဆန္ဒရဲ့အသင်းက နီလာခရမ်းကျောက်ရသွားတယ် ဆိုတာကိုမင်းက ဘယ်လိုလုပ်ပြီးသိတာလဲ?"

လုဝမ်ဟောင် - ဟုတ်တယ် မင်းဘယ်လိုလုပ်ပြီးသိတာလဲ?

၂ယောက်လုံးက သံသယအပြည့်ဖြင့် လွန်ခဲ့သော၂နှစ်ခန့်က သူရဲကောင်း ကိုးဖော်ဂိမ်းကနေ ရပ်နားလိုက်ပြီးဖြစ်တဲ့ ကစားသမားကို စိုက်ကြည့်လာခဲ့သည် ။

သေစမ်း

အဲ့နေရာမှာပဲ မင်းဖင်နဲ့လက်စွပ်ကို ဘာယီးလက်ထပ်ဖို့အတွက် တောင်းဆိုရမှာလဲ?

ဘာကြောင့်များမင်းရဲ့သောက်ပါးစပ်ကို မထိန်းချုပ်နိုင်ရတာလဲ ကျင်းရှောင်ဟွမ်!!

ထိုစကားလုံးများအားလုံးကို သူ၏နှလုံးသားထဲတွင် ရေရွတ်လိုက်ပြီးနောက်မှာတော့ သူ၏အစားအစာကိုကြည့်လိုက်သည် ။

"ငါ.....အဲ့အကြောင်းကြားခဲ့တာ"

"မင်းဘယ်သူ့ဆီကကြားခဲ့တာလဲ?" လုဝမ်ဟောင်ကမေးလာသည် ။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now