~၃၇~P1

1K 241 6
                                    


ZawGyi

ကိုကိုတောင်ပေါ်မှာ ညီမလေးအသစ်တစ်ယောက်နဲ့ တွေ့သွာာပြီလား?

ကျင်းဟွမ်သည် သူတို့စတင်ထွက်ခွာမည့်နေ့ကျမှပဲ ခရီးဆောင်အိတ်ကို စတင်ထုတ်ပိုးဖြစ်သည်။

၂ညအိပ်၃ရက်သွားဖို့အတွက် သူတို့တွေအစီစဉ်ချထားပြီးသား။သူတို့တွေမှာ အခြားအစီစဉ်မယ်မယ်ရရမရှိသည့်အတွက် ဟိုတယ်ရဲ့အထင်ကရ ရေပူစမ်းကိုပဲသွားဖို့ပြင်ရတော့သည်။ထိုနေရာတွင် သူတို့အားလုံးသက်တောင့်သက်သာစိမ်လို့ရသည့် ရေပူစမ်းပေါင်း၇၀ကျော်ရှိသည်ဟု ကောင်းဇီရှန်းကပြောဖူးသည်။

ယောက်ျားလေးတွေကများသောအားဖြင့် ခရီးဆောင်အိတ်ထုတ်တဲ့အခါမှာ သိပ်ပြီးတော့အလေးနက်ထားလေ့မရှိဘူး။ကျင်းဟွမ်သည်လဲ အ၀တ်စား၂စုံနဲ့မျက်နှာသစ်ဘူးအပြင် laptopကိုအိတ်ထဲထည့်ထားပြီးသကာလ သူ့အတွက်လုံလောက်သွားခဲ့ပြီ။

မထွက်ခွာခင်မှာ သူသည်နှလုံးသား လိုအင်ဆန္ဒထံသို့ ကောင်းသောမနက်ခင်းဖြစ်ပါစေလို့ဆုတောင်းသည့်စာ ပို့ခဲ့လိုက်သည်။

လုဝမ်ဟောင်ရဲ့ကားက လှေကားအောက်ကအနီးပတ်ဝန်းကျင်ရှိလမ်းကြားထဲတွင် ထိုးထားသည်။ကားက Volkswagenဖြစ်ပြီး သူ့အမေကကောလိပ်သွားတဲ့အခါကျရင် သိုသိုသိပ်သိပ်နေဖို့ရန်မှာထားပြီးနောက် ဘွဲ့ရပြီးရင်ကားကောင်းဝယ်ပေးမယ်လို့ဆိုကာ ၀ယ်ပေးထားသည့်ကားဖြစ်သည်။ဘယ်လိုပဲဖြစ်ဖြစ် လုဝမ်ဟောင်ကများသောအားဖြင့် ကားသိပ်မမောင်းပါ။သူဒီနေ့မှပဲ အိမ်ကိုသွားဖို့ရန်အထူးတလည်အိပ်ယာကနေစောစောထပြီးတော့ သူတို့တွေရေပူစမ်းသွားမည်ဖြစ်သောကြောင့်သာ ကားကိုမောင်းနှင်လာခဲ့ခြင်းဖြစ်သည်။

လူ၂ယောက် ကားထဲတွင်အချိန်အတော်ကြာသည့်အထိ စောင့်နေခဲ့ရသည်။သူတို့တွေကျင်းဟွမ်ထွက်လာတာကို မြင်သောအခါတွင် လုဝမ်ဟောင်က ကားပြတင်းပေါက်မှန်ကိုချလိုက်သည်။

"ဟွမ်ဟွမ် ၊မင်းအလကားအချိန်တွေသိပ်ဖြုန်းနေတယ်လို့မထင်ဘူးလား..... မင်းဘာလို့နည်းနည်းလေးပဲ ယူလာတာလဲ?"

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now