~၂၉~

1.2K 307 12
                                    

ZawGyi

 WeChatမှာတစ်ယောက်နဲ့တစ်ယောက်အပ်လိုက်ကြမလား?

ကျင်းဟွမ်သည် ခဏလောက်ကြောင်သွားသည် ။သူကဆက်ပြီးတော့ မေးချင်ပေမယ့်လဲ ရှည်လျားသည့် လမ်းဆီသို့ကတော့ အေးစိတ်လူသိစေချင်ပုံမရခဲ့ပါ ။

သူ့ရဲ့သိုသိပ်ထားတတ်တဲ့အကျင့်တစ်ခုဖြစ်တဲ့ စကားတအားပြောချင်တာကကော ကျင်းဟွမ်ရဲ့စပ်စုချင်စိတ်အဆုံးစါန်ထိရောက်နေတဲ့စိတ်ကကော အခံရခက်နေစေသည် ။

ကမ္ဘာပေါ်မှာဘယ်လောက်ကြီးတဲ့သောက်ကိစ္စကြီးဖြစ်သွားခဲ့လို့ ဂိမ်းထဲမှာတောင်သူငယ်ချင်းထပ်ပြီးတော့ မထားချင်လောက်အောင်ကို ဖြစ်သွားစေရတာလဲ?

သူ အွန်း အွန်း ဒါကတော့ကိုကိုရဲ့ ကိုယ်ရေးကိုယ်တာပဲလေ ဆိုပြီးတုန့်ပြန်ပြီးနောက်တွင် သူ၏လက်က အတင်းအဖျင်းကုန်းမြေလို့ကျော်ကြားတဲ့ သူရဲကောင်းကိုးဖော်ရဲ့ကြော်ငြာစာနေရာကို သက်တောင့်သက်သာပဲ သွားဖွင့်လိုက်သည် ။

သူရဲကောင်း ကိုးဖော်ရဲ့ကြော်ငြာစင်က လူတွေဥာဏ်မမှီနိုင်တဲ့နေရာတစ်ခုပင် ။ကုန်စည်ကူးသန်းဖောက်ကားခြင်းကို ကြောက်ဖို့ကောင်းလောက်အောင် သေချာကိုင်တွယ်နိုင်ကာ ဂိမ်းကိုမကစားတဲ့သူအချို့တောင်ထိုနေရာတွင် ရှိနေတတ်သည် ။

အမှန်တကယ်ကိုအခြားအကြောင်းပြချက်များကြောင့်မဟုတ်ဘဲ အတင်းအဖျင်းတအားများလွန်းသည့်အတွက်ကြောင့်ပဲ ဖြစ်သည် ။ထိုအတင်းအဖျင်းသတင်းတွေက ၂ရက် သို့မဟုတ် သုံးရက်ကြာတိုင်းပေါ်ပေါ်လာပြီး စိတ်ကူးသက်သက်မျှအရေးကိစ္စတွေကလွဲပြီး အဲ့မှာအတင်းမပြောတဲ့အကြောင်းဆိုတာ မရှိသလောက်ပင် ။ခေါင်းစဉ်တွေကလဲ အမြဲတမ်း စိတ်လှုပ်ရှားစရာကောင်းပြီး စိတ်ခံစားလို့ကောင်းပေရကာ ဖျော်ဖြေရေးနယ်ပယ်မှာရှိနေတဲ့ သတင်းတွေကပိုပြီးတော့ စိတ်ဝင်စားဖို့တောင်ကောင်းသေးသည် ။

ကျင်းဟွမ် သူရဲကောင်း ကိုးဖော်ကစားနေတုန်းက ထိုနေရာကို သွားခဲသည် ။ဒါပေမယ့်သူ့အစ်မမှာဖြစ်ပွားခဲ့သည့် ကိစ္စတွေကြောင့် သူသည်ဒေါသထွက်လွန်းအားကြီးပြီးတော့ ကြော်ငြာစာတွေကို တစ်နေ့မှာအကြိမ်ပေါင်းများစွာ ပြန်ပြန်ကြည့်ခဲ့သည် ။ရက်အနည်းငယ်အတွင်းမှာပဲ ကြော်ငြာစာရဲ့ လုပ်ဆောင်ချက်တွေအားလုံးနဲ့ သူအကျွမ်းတ၀င်ဖြစ်သွားခဲ့သည် ။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now