~၄၂~

1.2K 269 26
                                    


ZawGyi

အခြားယောက်ျားတွေဆီက WeChatကိုဘယ်လိုအပ်မှာလဲ?

ကျင်းဟွမ်အိမ်ဆီသို့ရောက်သည့်အချိန်တွင် နေ့လည်တောင်ရောက်နေပြီဖြစ်သည်။

သူကာဗွန်နိတ်သောက်စရာတွေကို အဝေးသို့ထားလိုက်ပြီး လမ်းမှာဝယ်လာသည့်သစ်သီးတွေကို ရေခဲသေတ္တာထဲသို့ထည့်ကာ ကွန်ပျုတာကိုဖွင့်လိုက်သည်။

သူသည်ရက်တော်တော်ကြာသည်အထိ လုဝမ်ဟောင်တို့နှင့်အတူရှိနေသည့်အတွက်ကြောင့် ဒီအပတ်ရဲ့ဖြစ်စဉ်တွေအားလုံးနီးပါးကို လုံးဝမလုပ်ရသေးသလောက်နီးပါး ဖြစ်နေသည်။ သူ၏သူငယ်ချင်းစာရင်းကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။ နှလုံးသား လိုအင်ဆန္ဒကော ရှည်လျားသည့် လမ်းဆီသို့ကောက အွန်လိုင်းရှိမနေပေ၊ ဒီတော့ သူငပျင်းလိုလျှောက်အချိန်ဖြုန်းတာထက်စာရင် အဆင်သင့်ရှိနေတဲ့groupတစ်ခုကိုရှာကာ သူ့ရဲ့လွတ်နေတဲ့ဖြစ်စဉ်ကို လုပ်သင့်သည်ဟုတွေးလိုက်သည်။

သူသည်ဖြစ်စဉ်ဝင်သည့်မျက်နှာစာကိုနှိပ်လိုက်ပြီး တွေ့ရာအသင်းတော်တော်များများကို ထည့်ထားလိုက်ပြီးနောက် စက္ကန့်အနည်းငယ်ခန့်ကြာပြီးနောက်တွင် စနစ်မှစာတန်းပေါ်လာခဲ့သည်။ အသင်းတစ်ခုက သူ့ကိုလက်ခံလိုက်ခြင်းဖြစ်သည်။

သူသည်သဲခုံဝင်ပေါက်ဝဆီသို့ပြေးသွားကာ သူ့အသင်းသားတွေကို စောင့်နေလိုက်သည်။

[ကျိုးဖုံးက သင့်ကိုသူ၏အသင်းထဲသို့ဝင်ရန် ဖိတ်ခေသည်။ Yes, No]

ကျင်းဟွမ်သည် အလိုအလျောက်ပဲNoကို နှိပ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ စာသားပျောက်သွားသည့်နောက်တွင် ကျိုးဖုံးကအခုသူ၏ဘေးနားတွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

[လက်ရှိ] ရှောင်ထျန်ကျင် - (မေးခွန်းမေးသည်)

[လက်ရှိ] ကျိုးဖုံး - ဖြစ်စဉ်လုပ်ရအောင်လို့

ကျင်းဟွမ်သည် ကြောင်သွားပြီး တာဝန်စာရင်းကိုဖွင့်ကြည့်လိုက်သည်။ သေချာပေါက်ကို ကျိုးဖုံးကဖြစ်စဉ်ထဲမှာ ရှိနေပေသည်။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now