~၁၀~

1.5K 333 14
                                    

ZawGyi

နင့်အမေနောက်ဆို ပစ္စည်းတွေဝယ်တိုင်းဈေးတွေထပ်တတ်လာတာကိုပဲ မြင်စေရမယ်!

ကျင်းဟွမ် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းနဲ့ နောက်ဆုံးတော့ ထိုသူက သူတကိုယ်တည်း မိစ္ဆာဘုရင်ဆရာကြီးကိုတိုက်ခိုက်ဖို့ ကြံစည်နေခြင်းကိုဆိုလိုသည်မှန်း နားလည်သဘောပေါက် သွားတော့သည် ။

ကျင်းဟွမ်သည်လဲ မနေ့ညကအချိန်တွေအလဟာသဖြုန်းတီးနေခဲ့တာ မဟုတ်ပါ ။သူ့ကွန်ပျူတာကို ပိတ်ပြီးတာနဲ့အခြားServerကကစားသမားတွေရဲ့ မြှပ်နှံထားတဲ့တာဝန်ကို ဘယ်ပုံဘယ်နည်းတိုက်ခိုက်ကစားခဲ့လဲဆိုတာကို videoတွေသွားရောက်ရှာဖွေကြည့်ရှုခဲ့သည်ပင် ။

အဲ့အရာကို စကားလုံးတစ်လုံးတည်းနဲ့ပဲ အနက်အဓိပ္ပါယ်ဖော်ပြနိုင်သည် ။ "ခက်ခဲသည်" ။

ငါးယောက်ပေါင်းပြီးချတဲ့ကစားသမားတွေဟာ သူတို့ရဲ့ဆေးပစ္စည်းတွေပြောင်သလင်းခါသွားတဲ့အထိ ကုန်စင်သွားတဲ့အချိန်မှာတော့ ဆရာကြီးကသေရုံလောက်လေးပင် ။ဆရာကြီးလဲကျသွားတဲ့အခါ မြေပြင်မှာလဲ အလောင်းတွေနဲ့ပြန့်ကျဲဖုံးအုပ်ရင်း သွေးအလွန်ကိုနည်းပါးနေသည့် ကစားသမားတစ်ဦးသာ မတ်တပ်ရပ်ရင်းကျန်ရစ်ခဲ့သည့် မြင်ကွင်းမှာ အမှန်တကယ်ကို အလွန်ကိုလွမ်းဆွေးကြေကွဲစရာ မြင်ကွင်းတစ်ခုကဲသို့နှယ့်ပင် ။

နှလုံးသား လိုအင်ဆန္ဒက သူတစ်ယောက်တည်း မိစ္ဆာဘုရင်ကို သုတ်သင်နိုင်လိမ့်မယ်လို့ဘယ်ကနေများ ယုံကြည်ချက်တွေရပြီး လွန်ကဲနေပါလိမ့်?

ပြီးတော့ သူ့ကိုတောင်အဲ့နေရာကနေ ဖယ်နေခိုင်းဖို့ ပြောသေးတယ် ။

မင်းက ဘယ်သူ့ပေကို လာအထင်သေးနေတာလဲ?

"ကိုကို အဲ့တာက မကောင်းဘူးလေ...."

သူ နှာခေါင်းရှုံ့ပြိး သရော်ရင်းမိုက်ခ်ကိုဖွင့်လိုက်သည် ။

"ငါ နင်တစ်ယောက်ထဲ ဆရာကြီးကို သတ်ခွင့်မပေးနိုင်ဘူး"

ရှန့်ဟွိုင်ဇီကတော့ သူ့ရဲ့သိုလှောင်ရုံထဲမှာ ဘယ်ဆေးတွေလိုနေသေးလဲ စစ်ဆေးနေသည့်အတွက်ကြောင့် သူသည်ထိုမိန်းကလေးအသံထဲတွင် လှောင်ပြောင် သရော်သံတွေ ရောယှက်ပါဝင်နေသည်ဆိုတာကို သတိပြုမိရန် မအောင်မြင်ခဲ့ချေ ။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now