~၁၈~

1.2K 345 31
                                    

ZawGyi

 ပထမ သူငယ်ချင်း ၊နောက်တော့ ညီမလေး ၊ထို့နောက်မှာတော့ အသည်းမွှာလေး

ပြိုင်ပွဲတွေက ၇း၃၀ မှ ၉း၃၀ထိ ဖွင့်သည် ။အဆောင်ကို လု့ဟန်ပြန်ရောက်သောအခါတွင် ရှန့်ဟွိုင်ဇီသည်နားကြပ်တစ်ဖတ်တည်းကိုသာတပ်ထားပြီး သူ၏ဇာတ်ကောင်ကိုပြိုင်ဖတ်နှင့် PKလုပ်ရာတွင် တစ်ချက်တည်းဖြင့် ကိုင်တွယ်လို့ရအောင် သူ၏လက်နက်ကိရိယာကို ဝေ့တင်လိုက်သည်ကို မြင်လိုက်ရသည် ။

"မိုက်လိုက်တာ ၊မိုက်လိုက်တာ" လု့ဟန်သည်သူ၏လွယ်အိတ်ကို ကုတင်ပေါ်သို့တင်လိုက်ကာချီးကျူးလေသည် ။

"ပြောကြည့် ဒီရက်ပိုင်းတွေမှာ အရွယ်ရောက်လူတွေ ဘာတွေတွေးနေကြလဲ? မွေးနေ့တစ်ခုအတွက် ရှိသမျှတစ်မိသားစုလုံးကိုခေါ် ၊အားလုံးက စားပွဲကြီးကို ပတ်ပတ်လည်ဝန်းရံပြီးတော့ နှစ်သစ်ကူးညစာပွဲတော် လုပ်နေတဲ့ပုံစံနဲ့ ။မေးခွန်းတစ်ခုပြီးသွားတိုင်းနောက်တစ်ခုဆက်တိုက်မေး ၊စာသင်တာကိုအရင်မေးတယ် ၊ပြီးရင် ရည်းစားကိစ္စ ၊ငါ့ကိုနှောက်ယှက်လွန်းအားကြီးလို့အစားအစာတောင် ကောင်းလားလို့အရသာမခံနိုင်တော့ဘူး ။ငါ့အဖေအိမ်သာသွားတဲ့အချိန်မှာ ငါ့အမြန်ထွက်ပြေးလာတာ ... ဒီနေ့ညပြိုင်ပွဲအတွက် ဘယ်သူနဲ့မင်းအသင်းဖွဲ့လိုက်တာလဲ? ငါမရှိတော့ မင်းပွိုင့်တွေ သောက်ရမ်းပြုတ်သွားတယ်မလား . . .ဘာလားဟ!?"

လု့ဟန်သည် ရှန့်ဟွိုင်ဇီ၏ပါတီထဲတွင် ဘယ်သူရှိနေလဲလို့ကြည့်လိုက်သည့်အခါ သူပေါက်ကရပြောနေတာတွေအားလုံးကို ချက်ချင်းပင်ပြန်မျိုချလိုက်သည် ။

၉း၃၀တွင် ပြိုင်ပွဲသည်အချိန်ကွက်တိပင် အဆုံးသတ်သွားသည် ။စောင့်နေတဲ့အသင်းတွေကော ပြိုင်ပွဲကြားရောက်နေတဲ့ သူတွေအားလုံးဟာ စနစ်အတိုင်းဝင်ပေါက်ဆီသို့ တမုဟုတ်ချင်းရောက်သွားကြပြီး ခဏလောက်အကြာတွင် မြို့၏နံရံထိပ်တွင် လူတွေအများကြီးနဲ့ပြည့်နှံသွားရသည် ။

ရှန့်ဟွိုင်ဇီသည် သူ၏ပါတီထဲတွင်ရှိနေသောသူထံ စကားပြောလိုက်သည် ။

"ငါ ထွက်ပြီ"

သူစကားပြောပြီးသည်နှင့် ပါတီကိုမဖျက်ချလိုက်ခင် ထိုအသင်းသားကိုတုံ့ပြန်နိုင်အောင် အခွင့်အရေးမပေးခဲ့တော့ချေ ။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now