~၄၁~P1

1.1K 296 37
                                    

ZawGyi

နင်က နှလုံးသား လိုအင်ဆန္ဒ..... နင်က ကိုကို

ဓါတ်လှေကားတံခါးပိတ်ခြင်းမှ ထွက်ပေါ်လာသည့် ဆူညံသံအနည်းငယ်သည် ကျင်းဟွမ်၏စကားသံကို ဖုံးလွှမ်းသွားခဲ့သည်။ ရှန့်ဟွိုင်ဇီသည် ထိုသူဘာပြောလိုက်လဲဆိုတာကို အတိအကျသေချာမသိလိုက်ချေ။ ဒါကြောင့် သူမျက်မှောင်ကျုံ့ပြီး မေးလိုက်သည်။ "ဘာလဲ?"

ဝိုင်ရဲ့သက်ရောက်မှုက ပိုမိုအားသန်လာခဲ့ပြီး ကျင်းဟွမ်မိုးပေါ်ပျံနေသကဲ့သို့ ခံစားနေရလေသည်။ သူမျက်လုံးကိုမှိတ်ရင်း နှလုံးသား လိုအင်ဆန္ဒရဲ့အသံသာလျှင် သူ၏စိတ်ထဲ စွဲထင်ကျန်ရစ်ခဲ့သည်။

"..... နောက်တစ်ကြိမ်ကျရင် မင်ငါ့ကိုစောင့်ရမယ်နော် ကိုကို" ကျင်းဟွမ်ကပြောသည်။

ရှန့်ဟွိုင်ဇီ ဒီတစ်ကြိမ်မှာတော့ ကြည်ကြည်လင်လင်ကြီးကို ကြားသွားခဲ့သည်။

ကျင်းဟွမ်က သူ့ကို ကိုကိုလို့ခေါ်နေခြင်းဖြစ်ပြီး နူးညံ့သည့်အသံပေါက်အောင် အသံကိုတမင်တကာ နိမ့်ချပြီးတော့လဲပြောနေလေသည်။

ရှန့်ဟွိုင်ဇီ အသက်ခပ်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီးနောက် နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။ "မင်း ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ?"

ကျင်းဟွမ်က စိတ်မရှည်သကဲ့သို့ မျက်မှောင်ကျုံ့ကြည့်လိုက်ပေမယ့် သူသည်အလွန်ကိုနာခံပြီး နောက်တစ်ကြိမ်ထပ်ခေါ်လိုက်ပေသည်။ "ကိုကို"

ရှောင်ထျန်ကျင်နဲ့ ညှပ်တဲ့တဲ့ဖြစ်ပြီးနောက်တွင် "အစ်ကို" နဲ့ "ကိုကို" သည်တစ်စုံတစ်ယောက်ကိုခေါ်ဆိုရာတွင် အလွန်ကွဲပြားသည့်ပုံစံဆိုတာကို ရှန့်ဟွိုင်ဇီကောင်းကောင်းကြီး သိနေသည်။

"..... မင်းဘာလို့ ဒီလိုမျိုးခေါ်နေတာလဲ?"

[[T/N - ဒီနေရာမှာ နည်းနည်းလေးရှင်းပြချင်တာ ရှိပါတယ်။ ယောက်ျားလေးတွေက တစ်ယောက်ယောက်ကို ခေါ်တဲ့အခါကျရင် Ge(အစ်ကို)လို့ခေါ်ပြီး မိန်းကလေးတွေကတော့ GeGe/ XiaoGeGe(ကိုကို ဒါမှမဟုတ် ကိုကြီး)လိုမျိုးခေါ်လေ့ရှိကြပါတယ်။ ဒီနေရာမှာ ကျင်းဟွမ်သုံးနှုန်းနေတာက GeGeလို့ပဲခေါ်နေတာပါပဲ။ English Translationမှာ သွားစစ်ပြန်တော့လဲ ကျင်းဟွမ်သာမန်ခေါ်တာကို Brother/Senior နဲ့သုံးနှုန်းထားပြီး ရှောင်ထျန်ကျင်က ခေါ်တဲ့အခါမှာတော့ GeGeနဲ့သုံးထားတာကို တွေ့ပါတယ်။ ဒါကြောင့်အခုအခြေနေမှာ ကျင်းဟွမ်ခေါ်တာက လုံးဝကိုယောက်ျားလေးအချင်းချင်းခေါ်တာနဲ့ကွာခြားနေပါတယ်နော်

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now