~၄~

3.1K 485 15
                                    

ZawGyi

မင်းရဲ့နောက်ဘ၀မှာ လှည့်ဖြားလိမ်လည်တတ်တဲ့သူ မဖြစ်စေနဲ့

ထိုအော်လန်၂ခု လွှင့်ပြီးလျှင်ပြီးချင်း ကမ္ဘာကြီးကပိုလို့အသက်ဝင်လာသယောင်။အချို့သော ပွဲကြိုက်သူတွေကတော့ ပွဲကြည့်ဖို့စောင့်မျှော်နေကြပြီး တစ်ချိန်တည်းမှာပဲ အချို့ကလဲ (မျက်မှောင် မကျုံ့ပါနဲ့) ကိုအရှက်မရှိကြောင်း ဆူပူကြိန်းမောင်းလျက်။

[အော်လန်] Lovesickness - ဒီနေ့ကစပြီး Server တစ်ခုလုံးကို (မျက်မှောင် မကျုံ့ပါနဲ့) နှင့်ပတ်သတ်ပြီး ဆုတွေပေးမယ် ။ သူ့ကိုတစ်ကြိမ်သတ်နိုင်လျှင် ရွှေ၁၀၀ ၊ သူ့ကို ၁၀ကြိမ်သတ်နိုင်ရင် ရွှေ၁၂၀၀ ပေးမည်ဖြစ်ပြီး ဆုတွေကို screenshot ပြ၍ လာထုတ်နိုင်တယ်။

ဝိုး....။

ကျင့်ဝှမ် ဘေးကင်းတဲ့နေရာတွင် နေ့စဉ်လုပ်ဆောင်ရမည့် တာဝန်တွေကို ပြုလုပ်နေရင်း အံ့သြသွားသည်။ ချမ်းသာလှချည်လား....။

(သူရဲကောင်း ကိုးဖော်)ဂိမ်းသည် နေရာအားဖြင့် ၃နေရာခွဲခြားထားကာ ထိုသည်မှာ ပွဲပြိုင်နေရာ ၊တိုက်ပွဲနေရာ ၊ဘေးကင်းသည့်နေရာ ဟုပင်။

ပွဲပြိုင်နေရာတွင် သင်သည် မည်သူနှင့်မဆို ၊ ဘယ်အဖွဲ့နှင့်မဆို PK တိုက်ခိုက်နိုင်ပြီး သေဆုံးသည့် ရလဒ်ကို ရှုံးနှိမ့်ခြင်းများတွင် ပြသလိမ့်မည်မဟုတ်ပါ။ ဒါက နှစ်ဦးပြိုင်တိုက်ခိုက်ခြင်းမှ သင်ယူလေ့လာနိုင်ရန် သီးသန့်နေရာဖြစ်သည်။

ဆိုးရွားကြောက်မက်ဖွယ်ကောင်းသည့် မြေပုံတိုင်းနှင့် များပြားလှစွာသော မြို့ငယ်နေရာများသည် တိုက်ပွဲနေရာ ဖြစ်သည်။ဤမြေပုံတည်နေရာများတွင် သင်သည် မည်သူနှင့်မဆို ၊ ဘယ်အဖွဲ့နှင့်မဆို PK တိုက်ခိုက်နိုင်သည်။ သေဆုံးသည့် ရလဒ်ကတော့ သင့်ကိုငွေကြေးနှင့် Exp ကုန်ကျစေမည်ဖြစ်သည်။

ဘေးကင်းသည့်နေရာများအတွက်တော့ အမည်မှာရည်ညွှန်းထားသလိုပင် ဘေးကင်းသည့်ခေါင်းစဉ်တွင် ပါဝင်နေသည့် မြေပုံအတွင်းရှိနေသရွေ့ သင်ကအတိုက်ခိုက်ခံရနိုင်မှာ မဟုတ်ပါ။

(သူရဲကောင်း ကိုးဖော်)တွင် ကြီးမားသော နိုင်ငံကိုးနိုင်ငံတည်ရှိနေပြီး ထိုထဲမှ ၃နိုင်ငံသည်သာ ဘေးကင်းသည့်နေရာဖြစ်သည် ။ ဖြစ်စဉ်များ ၊ Exp အများကြီးပေးသည့် နေရာနှင့် သွားလာလှုပ်ရှားမှုများသည့် NPC ရှိသည့်နေရာအားလုံးနီးပါးသည် ဆိုးရွားကြောက်မက်ဖွယ်ကောင်းသည့် မြေပုံထဲတွင်သာရှိနေသည်။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now