zawgyi
ငါ့ရဲ့ချစ်ရသူရှေ့မှာ ငါဘယ်လိင်ကိုကြိုက်တယ်ဆိုတာ နင်မလိမ်သင့်ဘူး!
Part [1]
ကျင်းဟွမ်သည် စာရိုက်နေစဉ်အချိန်တွင်သူ၏ဦးခေါင်းထက်တွင် မဲနက်နေသည့် တိမ်အနည်းငယ်စုဝေးပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသည် ။သူအလိုအလျောက်ရွေ့လျားမှု ပြုချင်သော်လဲ သူသည်စကားပြောသည့်နေရာဆီသို့ထည့်ရန် စာပြီးအောင်သာရိုက်လိုက်ခြင်းဖြင့် အဆုံးသတ်လိုက်မိသည် ။
[လက်ရှိ] ရှောင်ထျန်ကျင် - ဟဟဟဟဟဟ
[လက်ရှိ] Lovesickness - နင်ကအခုထိ ရီနေနိုင်သေးတယ်ပေါ့!?
စကားပြောပြီးသည်နှင့် သူမ၏လက်ထဲတွင်ရှိနေသည့် မှော်တုတ်တံသည် ငှက်တစ်ကောင်၏လက်သည်း၊လက်စွယ်သဏ္ဍာန်ကဲ့သို့ ရုတ်တရက်ပြောင်းလဲသွားကာ ရှောင်ထျန်ကျင်ဆီသို့တည့်တည့်မတ်မတ် တိုက်ပွဲဆင်တော့သည် ။
"ငါ မှားသွားခဲ့တယ် ၊ငါက သူမရဲ့တိုက်ခိုက်မှုကိုရှောင်ခဲ့ချင်ရုံ . . ."
စာရိုက်ဖို့အချိန်မရှိသည့်အတွက်ကြောင့် သူသည်အသံပို့စာတွင် အနည်းငယ်သာ နူးညံ့ချိုသာစွာ ရေရွတ်နိုင်ခဲ့သည် ။
ရှန့်ဟွိုင်ဇီ သည်သူမနှင့် ထိပ်တိုက်ရင်ဆိုင်ရန် သူ၏ဓါးကိုကိုင်မြှောက်လိုက်ရင်း ရှောင်ထျန်ကျင်ကို သူ၏နောက်တွင် ကာကွယ်ပေးထားလိုက်သည်။
"အွန်း ထပ်စကားပြောမနေနဲ့တော့ ၊ကောင်းကောင်းပုန်းနေ"
ကျင်းဟွမ်သည် ဤအကောင့်ကိုဝယ်ပြီးနောက်တွင် ပြိုင်ပွဲ၏ပွိုင့်သည် အသစ်ပြန်ဖြစ်သွားခဲ့သည် ။၃ပွဲဆက်တိုက် အောင်ပွဲခံလာနိုင်ပြီးသည့်အခါတွင် စနစ်က သူမတွင်ပုံးကွယ်နေသည့်အင်အားများရှိနေသည်ဟု သတ်မှတ်သည့်အတွက်ကြောင့်ကော နှလုံးသား လိုအင်ဆန္ဒနှင့်အတူပါတီဝင်ဖြစ်နေသည်က တစ်ကြောင်းကြောင့်ကော ချွန်းရှောင်တို့နှင့်အတူပြိုင်ဘက်ကျသွားခဲ့သည်မှာ ထူးဆန်းစရာတော့မရှိပါ ။
ရှန့်ဟွိုင်ဇီသည် အနည်းငယ်မျက်မှောင်ကျုံ့လိုက်သည် ။ဆန့်ကျင်ဘက်မှာရှိနေတဲ့ပြိုင်ဘက်သား၂ယောက်လုံးသည် SPKကစားသမားတွေချည်း ဖြစ်ကြသည် ။သူမ၀င်ဖြစ်ခဲ့တဲ့ နှစ်တောအတွင်းတွင် Serverအားလုံး၏ PK တွင် သူတို့serverကိုယ်စားကို ထို၂ဦးက၀င်ရောက်ခဲ့သည်ဖြစ်ရာ သူတို့၏ ဇာတ်ကောင်တွေကို ကောင်းစွာကိရိယာတပ်ဆင်ထားလေသည် ။
