~၃၃~P1

1.1K 288 22
                                    

ZawGyi

ကိုကိုနဲ့ လက်ထပ်မောင်နှံဆိုတဲ့ ခေါင်းစဉ်

ကျင်းဟွမ် - ....

ဒီတော့ နောက်တစ်ခေါက်ထပ်စလာပြန်ပြီပေါ့?

သူသည် ကမ်းခြေ၌ အထီးကျန်စွာနှင့် ကူကယ်ရာမဲ့စွာ ထိုင်နေသော နတ်ကညာမြေခွေးပျိုလေးကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည် ။ "အိုကေ ကိုကို၊ဒါဆို ငါနည်းနည်းလောက် အော်တိုထားထားလိုက်မယ်"

ရှန့်ဟွိုင်ဇီ - အွန်း

Roomထဲမှာရှိနေတဲ့သူအချို့က ထိုစကားအသွားအလာကိုကြည့်ကြသည့်အခါတွင် အနည်းငယ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည် ။

လု့ဟန်က ပါးစပ်ထဲတွင် စာကြောင်း၂ကြောင်းပြန်လည် စားမြုံပြန်လိုက်သည် ။

"လောင်းရှန့်၊မင်းက နတ်ကညာမြေခွေးပျိုမလေးနဲ့ အီစီကလီလုပ်နေပြန်တာလား?"

ရှန့်ဟွိုင်ဇီက သူ၏ခေါင်းကိုတောင် မလှည့်ပါ ။

"မင်းရဲ့လူယုတ်မာအကြည့်တွေနဲ့ပဲ ငါ့ကိုအမြဲတမ်းလာကြည့်မနေနဲ့"

လု့ဟန် - ....

ကျင်းဟွမ်သည် ကီးခလုပ်တွေအားလုံးကိုကြိုးစားကြည့်ခဲ့ပြီး သုံးစွဲဝန်ဆောင်မှုပေးသည့်ဝန်ထမ်းဆီကိုတောင် ဆက်သွယ်ခဲ့သော်လဲ နှလုံးသား လိုအင်ဆန္ဒ၏တိုက်ပွဲ တိုက်ခိုက်မှုကိုပွဲကြည့်သူအဖြစ်ပြုလို့မရကြောင်း အတည်ပြုပြီးနောက်တွင် သူ၏ကံတရားအပေါ်ပဲတာဝန်ပေးလိုက်ပြီးတော့ ဂိမ်းမျက်နှာစာကို အသေးချုံ့လိုက်တော့သည် ။

သူ၏ ကွန်ပျူတာထဲတွင် ရှိနေသည့် WeChatထဲသို့ဝင်ကာ သူတို့အဆောင်၏ group chatထဲသို့နှိပ်လိုက်သည် ။

ရှောင်ကျင်လေး - ဦးစီးတိုက်ခိုက်သူတွေ အခြေနေဘယ်လိုရှိ?

ကောင်းဇီရှန်း - ငါ့ကိုထပ်ပြီးအဲ့အကြောင်းမဖော်နဲ့တော့ ။ဒီဂိမ်းကတဖြည်းဖြည်းနဲ့ပိုပြီးတော့ စိတ်ပျက်ဖို့ကောင်းလာတယ် ။ဒါကဘယ်လိုသောက်ဖြစ်စဉ်လဲ!? သူတို့ကဖြစ်စဉ်အသစ်တွေ ပိုခက်ခဲလာဖို့အပေါ်ကိုပဲ အာရုံစိုက်နေကြတာကွာ! ငါဟိုးအကြာကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားကို ဒါပေမယ့် ဖြစ်စဉ်ထဲဝင်ပြီးတာနဲ့ ချက်ချင်းငါ့ကို ထောင်ထဲဝင်ရအောင်လုပ်လိုက်ကြတယ် (ပုံ)

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now