~၄၅~

1.2K 257 39
                                    


Zawgyi

အထင်မလွဲပါနဲ့ကိုကို သူကမိန်းကလေးသူငယ်ချင်းပါ >0<!

ကျင်းဟွမ်သည် ပြိုင်ပွဲကွင်းတွေထဲက အကျင့်မကောင်းတဲ့ဗျူဟာတွေကို အမုန်းဆုံးဖြစ်သည်။ အထက်တန်းကျောင်းတုန်းက ကစားနေတဲ့အချိန်အတွင်းမှာ ကောင်းဇီရှန်းချော်လဲအောင်အမြဲတမ်း ခြေထိုးခံတတ်တဲ့သူတစ်ယောက်ရှိခဲ့ဖူးသည်။ နောက်ပိုင်းမှာတော့ ကောင်းဇီရှန်းနဲ့သူက ထိုသူရဲ့ခြေထောက်ကို အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင်ကို တတ်နင်းပြီးတုံ့ပြန်ခဲ့သည်။

မျက်လုံးအတွက် မျက်လုံးပဲ။ ကလေးဆန်တယ် ဒါပေမယ့် အသုံးဝင်တာပဲလေ။ ထို့နောက်မှာတော့ အဲ့လူကဘယ်တော့မှ သူတို့နဲ့ပြိုင်မကစားရဲတော့ပေ။

လူတွေအများကြီးက ကြည့်နေတာကြောင့် ထိုလဲကျသွားသည့်သူလဲအနည်းငယ်ရှက်သွားကာ ပြိုင်ပွဲကွင်းထဲသို့ပြန်သွားဖို့ ထလိုက်သည်။ ရှန့်ဟွိုင်ဇီက ကျင်းဟွမ်ရဲ့ရှေ့တွင်ရပ်နေပြီး သူ၏ပုခုံးတ၀က်လောက်နီးပါးထိကိုဖုံးကွယ်ရင်း ကာကွယ်ပေးနေသည့်သဏ္ဍာန်ကဲ့သို့ ရှိနေပေသည်။

"အစ်ကိုရှန့်၊သူလုပ်တာက ဖောင်းဖြစ်တယ်လို့သတ်မှတ်လို့ရတယ်" ထိုလူက အံကြိတ်ပြီးပြောသည်။ "ဘာမှထပ်ပြောစရာကို မလိုတာ...ဒါက အလွတ်ပစ်သွင်းတာ ပေးသင့်နေပြီမလား?"

ရှန့်ဟွိုင်ဇီက သူ့ကိုစိုက်ကြည့်လိုက်သည်။ "မင်းက အခြားလူတွေကိုဆောင့်တွန်းရတဲ့အလိမ်ညာသုံးရတာ ပျင်းလာတော့ လဲကျချင်ယောင်ဆောင်တာ စသင်လာပြီပေါ့?"

"ဟန်ဆောင်လဲကျတယ်...?" ထိုသူကအလွန်အံ့သြသွားကာ ထို့နောက်တော့ဒေါသထွက်စွာဖြင့် ပြောသည်။ "ငါ့ဖင်ကို ဟန်ဆောင်ပြီးလဲကျလေ! သူက ငါ့ကိုဆောင့်တွန်းတာ!"

"အဲ့ဒီမှာမင်းတို့၂ယောက်ပဲရှိနေပြီး ဒီလိုခန္ဓာကိုယ်လေးနဲ့သူက...." ရှန့်ဟွိုင်ဇီက ဆိုသည်။ "မင်းကို ဆောင့်တွန်းတယ်ပေါ့?"

ကျင်းဟွမ် - ?

ရှန့်ဟွိုင်ဇီထိုစကားပြောပြီးလျှင်ပြောပြီးချင်း ကူညီဖို့လာကြတဲ့သူတွေက စက္ကန့်ပိုင်းလောက်ရပ်သွားကြသည်။ သူတို့တွေအမှတ်မထင် ကျင်းဟွမ်ကိုကြည့်လိုက်ပြီးတော့ ထိုခုခံကာတဲ့သူဘက်ကို ပြန်ကြည့်လိုက်မိကြသည်။

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now